အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အဖမ်းခံရပြီး သုံးရက်မြောက်တွင် BBC သတင်းထောက် ပြန်လွတ်လာ

နေပြည်တော်၌ မတ် ၁၉ ရက်က ဖမ်းဆီးခံရသည့် BBC မြန်မာပိုင်းသတင်းထောက် ကိုအောင်သူရသည် ယနေ့ (မတ် ၂၂) နံနက်ပိုင်းတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဇနီးဖြစ်သူက အတည်ပြု ပြောကြားသည်။

ခံဝန်လက်မှတ်ထိုး၍ ပြန်လွတ်လာခြင်းဖြစ်ပြီး သုံးရက်ကြာ မအိပ်မနေ စစ်ဆေးခံခဲ့ရသည်ဟုလည်း ကိုအောင်သူရ၏ ၎င်း၏ဇနီးဖြစ်သူက Myanmar Now ကို ပြောသည်။

“Facebook နဲ့ Messenger မှာ CDM နဲ့ CRPHနဲ့ ဆက်သွယ်နေလား။ CDM supporter တွေနဲ့ အဆက်အသွယ်ရှိလား။ အဓိကစစ်တယ် ပြောတယ်။ ကျွန်မတို့ကိုလည်း Facebook တွေမှာ ဟိုတင်ဒီတင် မတင်ကြဖို့ ပြောတယ်။ Viber တို့မှာဆို မဖျက်မိဘဲနဲ့ ပါသွားတာရှိတယ်။ တော်တော်ဆိုးဆိုးရွားရွားပေါ့။ ကိုသန်းထိုက်အောင်ဆို Download ချထားတဲ့ ဖိုင်တွေပါစစ်နေတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောသည်။

ကိုအောင်သူရနှင့်အတူ Mizzima သတင်းဌာနမှ သတင်းထောက်ဟောင်း ကိုသန်းထိုက်အောင်တို့သည် နေပြည်တော် ဒက္ခိဏခရိုင်တရားရုံး၌ မတ် ၁၉ က သတင်းယူနေစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“မအိပ်ဘဲနဲ့ အစစ်အဆေးခံခဲ့ရတော့ သူ့ကို အနားယူခိုင်းထားတယ်။ ခန္ဓာကိုယ်မှာတော့ ဒဏ်ရာတွေတော့ မတွေ့ဘူး။ စိတ်ဒဏ်ရာကတော့ တော်တော်လေးပြင်းတယ်။ စိတ်ပင်ပန်းတာရော၊ လူပင်ပန်းတာရော ဆိုတော့ သူ့ကို အနားပေးပြီးရင် medical check-up လုပ်မယ်”ဟု ကိုအောင်သူရ၏ ဇနီးဖြစ်သူက ပြောသည်။

ကိုအောင်သူရကို ဖမ်းဆီးထိန်းသိမ်းအပြီး သုံးရက်အကြာတွင် ပြန်လွှတ်ပေးလိုက်သော်လည်း ၎င်းနှင့် အတူဖမ်းဆီးခံခဲ့ရသည့ ကိုသန်းထိုက်အောင်မှာမူ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပေ။

အာဏာသိမ်းစစ်ကောင်စီက သတင်းထောက်များကို ဖမ်းဆီးအရေးယူလျက်ရှိသည့်အပြင် သတင်းဌာန များကိုလည်း ဝင်ရောက်စီးနင်းခဲ့သည်။ 

အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့တွင် အလွတ်တမ်းသတင်းထောက်များအပါအဝင် သတင်းထောက် ၄၃ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်ဟု ဖမ်းဆီးခံသတင်းထောက်များနှင့်သက်ဆိုင်သော သတင်းအချက်အလက်များ မျှဝေရန် ဖွင့်လှစ်ထားသည့် Detained Journalists Information Myanmar Facebook စာမျက်နှာ ၏ မတ် ၂၁ ရက် စာရင်းအရ သိရသည်။

အဆိုပါသတင်းထောက်များအနက် နေအိမ်ကို အကြမ်းဖက်စီးနင်းခံရသည့် DVB သတင်းထောက် ကိုအောင်ကျော်၊ သတင်းယူရင်းဖမ်းဆီးခံရသည့် AP သတင်းထောက် ကိုသိန်းဇော်၊ ကိုရဲမျိုးခန့်၊ Myanmar Now သတင်းထောက် မကေဇွန်နွေးတို့အပါအဝင် သတင်းထောက်၁၀ ဦးမှာမူ နိုင်ငံတော်တည်ငြိမ်မှု ပျက်ပြားစေရန် လှုံ့ဆော်ခြင်းဆိုင်ရာ ပုဒ်မ ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည်။

ထို့အတူ တရားစွဲဆိုခြင်းမရှိသေးဘဲ ဖမ်းဆီးချုပ်နှောင်ခံထားရသူ ၁၉ ဦးခန့်ရှိသည်ဟု Detained Journalists Information Myanmar က ဆိုသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button