သတင်း

ကချင်ပြည်နယ်လူမှုရေးဝန်ကြီးကို ရုံးထုတ်၊ အမှုသုံးမှုဖြင့် တရားစွဲ 

ကချင်ပြည်နယ်အစိုးရအဖွဲ့မှ လူမှုရေးဝန်ကြီးဦးနေဝင်းကို ယမန်နေ့ (မတ် ၁၅) တွင် ရုံးထုတ်ခဲ့ပြီး သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပါ ပုဒ်မ ၂၅ ဖြင့် အမှုသုံးမှုအတွက် တရားစွဲဆိုထားသည်ဟု လိုက်ပါ ဆောင်ရွက်ပေးနေသည့် ရှေ့နေထံမှ သိရသည်။ 

”ဦးနေဝင်းကို ဒီနေ့(မတ်လ ၁၅)ရုံးထုတ်တယ်။ အမှုစွဲတင်တယ်။ သဘာဝဘေးစီပုဒ်မ ၂၅နဲ့ပဲ သုံးမှုစွဲတယ်။  ဘာလို့တရားစွဲရလည်းဆိုတဲ့ ဖြစ်စဥ်သုံးခုကို တရားသူကြီးက ဒီနေ့ ပြောကြားသွားတယ်” ဟု တရားလွှတ် တော်ရှေ့နေ ဦးသက်ထွန်းဦးက ပြောသည်။

ရွေးကောက်ပွဲကာလ အောက်တိုဘာအတွင်း တစ်အိမ်တက်ဆင်း မဲထည့်ပုံ လိုက်လံပြောကြားခြင်း၊ ယုဇန ရပ်ကွက်ရှိ မြို့နယ်ပါတီရုံးရှေ့တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) ဝင်များ မဲဆွယ်စည်းရုံးရေး လှည့်လည်လာစဉ် လက်ပြနှုတ်ဆက်ခြင်းနှင့် မြို့သစ်ကြီးရပ်ကွက်ရှိ အိမ်တစ်အိမ်၌ လူ ၁၅၀ ခန့်နှင့် မဲဆွယ်စည်းရုံးဟောပြောသည်ဆိုသော စွပ်စွဲချက်များဖြင့် ကချင်ပြည်နယ် လှုမှုရေးဝန်ကြီးဦးနေဝင်းကို ပုဒ်မ ၂၅ နှင့် အမှုသုံးမှုအတွက် တရားစွဲဆိုခဲ့သည်ဟု သိရသည်။ 

အဆိုပါ စွပ်စွဲချက်များနှင့် ပတ်သက်၍ လူမှုရေးဝန်ကြီး ဦးနေဝင်းက “ကျွန်တော် ကျန်းမာရေးဌာနရဲ့ ညွှန်ကြား ချက်နဲ့အညီ လူ ၅၀ ထက်မကျော်ဘဲ လုပ်ခဲ့တဲ့အတွက် မှန်မှန်ကန်ကန် ဖြစ်စေချင်တယ်” ဟု တရားရုံးတွင် ပြောကြားခဲ့ကြောင်း သိရသည်။ 

ဦးနေဝင်းကို မြစ်ကြီးနားမြို့နယ်မြေရဲစခန်းက စခန်းမှူး ရဲအုပ်ကျော်ဇေယျက တရားလိုပြုလုပ်ကာ တရားစွဲဆို ခဲ့ခြင်းဖြစ်ပြီး မတ် ၁၈ တွင် ဒုတိယအကြိမ် ရုံးထုတ်စစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။ 

သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ ပြစ်မှုထင်ရှားကြောင်း စိစစ်တွေ့ရှိပါက ထောင် ဒဏ် ၃ နှစ်ထက်မပိုသော ထောင်ဒဏ် သို့မဟုတ် ငွေဒဏ်ကျခံရမည်ဖြစ်သည်။

Show More

Related Articles

Back to top button