အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

အောင်ဝင်းဇော် — ဦးကိုနီလုပ်ကြံခံရမှုတွင် တရားရင်ဆိုင်နေရသူ

ရှေ့နေဦးကိုနီ လုပ်ကြံခံရမှုမှ အဓိက သံသယ တရားခံ တပ်မတော်အရာရှိဟောင်း အော်ဝင်းဇော်သည် ဘုရားခိုးမှု ၃ မှုဖြင့် အကျဉ်းကျဖူးသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

၂ဝ၁၆ တွင် ညီဖြစ်သူ ဒုဗိုလ်မှူးကြီးဟောင်း အောင်ဝင်းခိုင်က လုပ်ကြံမှုအတွက် တိုင်ပင်ရာ သူက လုပ်ကြံပေးနိုင်မည့်သူ တချို့ကို ရှာဖွေချဉ်းကပ်ခဲ့သည်ဟု သိရသည်၊ ညီဖြစ်သူထံမှ “ကြိုတင်ငွေ” သိန်း ၄ဝဝ ယူခဲ့သည်ဟု ဆိုသည်။

၂ဝ၁၆ မေလတွင် ရန်ကုန်မှ ဝရမ်းပြေးလူမိုက် နဂါးကို သိန်း ၂ဝဝ နှင့် လိုင်စင်မဲ့ကား ၁ စီး ပေးပြီး လုပ်ကြံမှု အတွက် ခိုင်းစေသော်လည်း ထိုသူက တိမ်းရှောင်သွားသည်၊ ဇူလိုင်လတွင် ရန်ကုန်မှ ထောင်ထွက်တစ်ဦးကို ချဉ်းကပ်သော်လည်း အဆင်မပြေဟု ဆိုသည်။

နောက်တစ်လတွင် ဆက်သွယ်မိသည့်သူကမူ လုပ်ကြံပေးရန် သဘောတူခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်၊ ထိုသူမှာ ဘုရားခိုးမှု အတူတကွ ကျူးလွန်ဖူးသူ ကြည်လင်း ဖြစ်သည်။
အောင်ဝင်းဇော်က ကြည်လင်းကို ကြိုတင်ငွေ ၂၄ သိန်းခန့် အကြိမ်ကြိမ် ခွဲပေးခဲ့သည်၊ အောက်တိုဘာလလယ်တွင် ကရင်ပြည်နယ်သို့ သွားရောက်ပြီး သေနတ် နှစ်လက်၊ ကျည်တချို့ကို ၅၅ သိန်းဖြင့် ဝယ်ယူခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

လက်နက်ဝယ်ယူပြီး သုံးလအကြာ ၂ဝ၁၇ ဇန်နဝါရီ ၂၈ တွင် ညီဖြစ်သူ ဒုဗိုလ်မှူးကြီးဟောင်းက ရှေ့နေဦးကိုနီ ရန်ကုန်လေဆိပ်သို့ မနက်ဖြန်ရောက်မည်ဖြစ်ကြောင်း ဖုန်းဆက်ပြောကြားခဲ့သည်၊ နောက်တစ်နေ့တွင် အောင်ဝင်းဇော်နှင့် ကြည်လင်း လေဆိပ်သို့ အတူသွားကြသည်ဟု ဆိုသည်။ ဦးကိုနီ၏ ဦးခေါင်းကို အနီးကပ် ပစ်ခတ်အပြီး ထွက်ပြေးသော သေနတ်သမားကြည်လင်းကို အများပြည်သူက ဝိုင်းဝန်းဖမ်းဆီးနိုင်ခဲ့သည်။

အောင်ဝင်းဇော်ကိုလည်း ရက်ပိုင်းအတွင်း ကရင်ပြည်နယ်တွင် ဖမ်းဆီးရမိသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ယခုအခါ ၎င်း၏ အမှုတွဲများနည်းတူ အင်းစိန်ထောင်တွင် အထိန်းသိမ်းခံနေရပြီး ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးသို့ အပတ်စဉ် သွားရောက် တရားရင်ဆိုင်နေရသည်။

အခင်းဖြစ်ပွားသည့်နေ့က လေဆိပ်တွင် ရောက်ရှိနေခြင်းမှာ ညီဖြစ်သူ အောင်ဝင်းခိုင်နှင့် လေဆိပ်တွင် ချိန်းဆိုထားခြင်း၊ သူ၏သား လေယာဉ်မှူး အလုပ် လုပ်ကိုင်ရေးနှင့် ပတ်သက်ပြီး ရဲအရာရှိတစ်ဦးနှင့် တွေ့ဆုံရန်ရှိခြင်းတို့ကြောင့် ဖြစ်ကြောင်း အောင်ဝင်းဇော်က ဇူလိုင် ၂၇ တရားခွင်တွင် ထွက်ဆိုခဲ့သည်။

စွဲချက်နှင့် အမြင့်ဆုံး ချမှတ်ခံရနိုင်သည့် ပြစ်ဒဏ် –

ရာဇသတ်ကြီး ပုဒ်မ ၃ဝ၂ (၁) (ခ)/၃၄၊ သေဒဏ်

၁၅-၂-၂၀၁၉ ရက်နေ့ ဖြည့်စွက်ချက်
—————
၂ဝ၁၉ ဖေဖော်ဝါရီ ၁၅ ရက်နေ့တွင်  ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးက အောင်ဝင်းဇော်ကို မသေမချင်း လည်ပင်း ကြိုးကွင်းစွပ် သေဒဏ် ကျခံရန် အမိန့်ချလိုက်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button