
၁၃ : ၀၀ – ဖားကန့်သပိတ်ပစ်ခတ်ဖြိုခွင်းခံရ၍ တစ်ဦးသေဆုံး
ကချင်ပြည်နယ်၊ ဖားကန့်မြို့ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုကို စစ်ကောင်စီတပ်ဖွဲ့ ဝင်များက ပစ်ခတ်ဖြိုခွင်းသဖြင့် အသက် ၃၀အရွယ်ကိုကျော်လင်းထိုက်ဆိုသူ ရင်ဘတ်ကျည်ဆန် ထိမှန်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း ဒေသအခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်က အတည်ပြုထားသည်။ ယခုဖြစ်စဉ်သည် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များ၏လက်ချက်ဖြင့် ဖားကန့်၌ ပထမဆုံးအကြိမ် လူသေဆုံးမှုဖြစ်သည်။

စစ်ကောင်စီလက်နက်ကိုင်များ ပစ်ခတ်မှုကြောင့် ဖားကန့်တွင် တစ်ဦးသေဆုံး
မန္တလေး၌ သေဆုံးသူတစ်ဦးထပ်တိုး
အာဏာသိမ်းစစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များအကြမ်းဖက်တိုက်ခိုက်မှုကြောင့် မန္တလေးမြို့တွင် တစ်ဦးထပ်တိုးလာသည်။
ယမန်နေ့(မတ် ၁၃)က မန္တလေးမြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြသူများကို စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတို့က အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ယမန်နေ့ ညနေပိုင်းအထိ သေဆုံးသူ ၅ဦးကိုသာ အတည်ပြုနိုင်ခဲ့သည်။ အသက် ၂၉ နှစ်အရွယ် ကိုရဲဆွေဦးဆိုသူ ထပ်မံသေဆုံးသွားသောကြောင့် ယမန်နေ့က အကြမ်းဖက်မှုဖြစ်စဉ်အတွင်း မန္တလေး၌ သေဆုံးသူ ၆ ဦးအထိ ရှိလာခဲ့သည်။
ယမန်နေ့က ကိုရဲဆွေဦးသည် စစ်ကောင်စီ၏ စစ်တပ်နှင့် ရဲတို့ အကြမ်းဖက်တိုက်ခိုက်မှုခံနေရသည့် ကျောင်းသားများအား ကူညီကယ်ထုတ်ရန် သွားရောက်ချိန်တွင် ၄၁ လမ်း ၂၄ အ.ထ.က ကျောင်းရှေ့၌ ရင်ဘတ်ထုတ်ချင်းပေါက် ကျည်ဆန်ထိမှန်သေဆုံးခဲ့ခြင်းဖြစ်သည်ဟု မိသားစုဝင်များက ဆိုသည်။
ကိုရဲဆွေဦး ဒဏ်ရာကို ဆေးကုသမှုပေးရန် ဝိုင်းဝန်းသယ်ဆောင်ကြချိန် လမ်းမှာ သေဆုံးသွားခဲ့သည်။
“သားတစ်ယောက်ဆုံးရှုံးတော့ နှမြောတာပေါ့။ ဒါပေမယ့် နိုင်ငံအတွက်ပဲလေ”ဟု မိခင်ဖြစ်သူ ဒေါ်သန်းအေးက ပြောသည်။
ကိုရဲဆွေးဦး၏ နာရေးအခမ်းအနားကို မန္တလေးမြို့ ၄၁ လမ်းတွင် ယနေ့နံနက်ပိုင်းက ပြင်ဆင်လျက်ရှိပြီး နေ့လယ် ၁၂ နာရီတွင် အေးရိပ်ငြိမ်သုသာန်၌ သင်္ဂြိုဟ်မည်ဖြစ်သည်။ ကိုရဲဆွေဦးသည် ဖိနပ်လုပ်ငန်းလုပ်ကိုင်သူတစ်ဦးတစ်ဦးဖြစ်ပြီး ၅နှစ်အရွယ်သမီးငယ်လေးတစ်ဦး ကျန်ရစ်ခဲ့သည်။

မန္တလေး စိန်ပန်းရပ်ထိုင်သပိတ်ဖြိုခွင်းခံရမျု သေဆုံးသူတစ်ဦးထပ်တိုး
ကချင်ပြည်နယ်ရှိ မြို့အချို့၌ KIA ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်လာ
အာဏာသိမ်းစစ်ကောင်စီက လူထုကို အကြမ်းဖက်နှိပ်ကွပ်နေခြင်းကို ဆန့်ကျင်၍ ပြည်သူကို အာကာအကွယ်ပေးနိုင်မည့် နည်းလမ်းများရှာဖွေသွားမည်ဟု အပစ်ရပ်လက်မှတ်ထိုးပြီးဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ၁၀ဖွဲ့က ထုတ်ဖော်ပြောဆိုပြီးချိန်တွင် သက်ဆိုင်ရာ လူထုက အားကိုးယုံကြည်ကြောင်း နည်းလမ်းမျိုးစုံဖြင့်ပြသနေကြသည်။

ကချင်ပြည်နယ်ရှိ မြို့အချို့၌ KIA ကို ထောက်ခံကြောင်း ဆန္ဒထုတ်ဖော်လာ
ကာကွယ်ရေးဆိုင်ရာ အစီအမံများအမြန်အကောင်အထည်ဖော်မည်ဟု ခေတ္တသမ္မတတိုက်တွန်း
ပြည်သူလူထု လုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာအစီအမံများ အမြန်ဆုံးဖော်ဆောင်မည် ဖြစ်ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များအပါအဝင် နိုင်ငံ့ဝန်ထမ်းများအနေဖြင့်လည်း လူတစ်စု၏ အကျိုးစီးပွားကို သစ္စာ စောင့်ခြင်း မဟုတ်ဘဲနိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားများကိုသာ သစ္စာစောင့်သိကြရမည်ဖြစ်ကြောင်း ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH)က ခန့်အပ်တာဝန်ပေးထားသည့် ခေတ္တဒုသမ္မတ မန်းဝင်းခိုင်သန်းကတိုက်တွန်း ပြောကြားလိုက်သည်။

“ကာကွယ်ရေးဆိုင်ရာ အစီအမံများအမြန်အကောင်အထည်ဖော်မည်ဟု ခေတ္တသမ္မတတိုက်တွန်း”