
မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာအထူးအစီရင်ခံစာတင်သွင်းသူ Tom Andrews က ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ၌ မတ်လ ၁၁ ရက်တွင် မိန့်ခွန်းပြောကြားရာ တိုက်တွန်းပြောဆိုခြင်းဖြစ်ပြီး မြန်မာပြည်သူများသည် ကူညီပံ့ပိုးမှုစကားလုံးများသာမက အထောက်အပံ့ဖြစ်စေမည့်လက်တွေ့ လုပ်ဆောင်များလည်းလိုအပ်ကြောင်း ထည့်သွင်းပြောကြားသည်။
“သူတို့(မြန်မာပြည်သူတွေ)ဟာ နိုင်ငံတကာအသိုက်အဝန်းရဲ့အကူအညီကို အခုချက်ချင်းလိုအပ် နေပါတယ်” ဟု Tom Andrews က ကောင်စီသို့ပြောသည်။
ဆက်လက်၍ “သမိုင်းဝင်မယ့် မြန်မာပြည်သူများရဲ့ အားတက်ဖွယ်၊ ချီးကျူးဖွယ် ဦးဆောင်လုပ် ဆောင်မှုတွေနောက်ကနေ နိုင်ငံတကာအသိုက်အဝန်းက လိုက်ပါလုပ်ဆောင်နိုင်မယ်လို့ ကျွန် တော်မျှော်လင့်ပါတယ်။ မြန်မာပြည်သူတွေရဲ့ အမှောင်ဆုံးအချိန်မှာ နိုင်ငံတကာက ညီညွတ်စုရုံး ပြီး စုပေါင်းအကူအညီပေးနိုင်မယ်လို့လည်းမျှော်လင့်ပါတယ်” ဟု ၎င်းကဆိုသည်။
မဟာမိတ်နိုင်ငံများ ချက်ချင်းလုပ်ဆောင်နိုင်မည့် လုပ်ငန်းစဉ်(၅)ရပ်ကို မြန်မာ့လူ့အခွင့်အရေး ဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက ကောင်စီအစည်းအဝေး၌ အကြံပြုခဲ့သည်။
ယင်းတို့မှာ (၁) စစ်အစိုးရဆီသို့ စီးဝင်သောဝင်ငွေများကို ရပ်တန့်ရန်၊ (၂) မြန်မာစစ်တပ်သို့ လက်နက်တင်ပို့မှုများကို တရားမဝင်အောင်ဆောင်ရွက်ရန်၊ (၃) တစ်ကမ္ဘာလုံးဆိုင်ရာ တရား စီရင်ပိုင်ခွင့်ဥပဒေရှိသော အဖွဲ့ဝင်နိုင်ငံများက မြန်မာစစ်တပ်ခေါင်းဆောင်များကျူးလွန်နေသော ရာဇဝတ်မှုများကို စုံစမ်းရန်နှင့် အရေးယူမှုများပြင်ဆင်နိုင်ရန်၊ (၄) စစ်အစိုးရမှတစ်ဆင့်သွားသော လူသားချင်းစာနာထောက်ထားမှုနှင့် တိုးတက်ဖွံ့ဖြိုးရေးဆိုင်ရာကူညီထောက်ပံ့မှုများကို ရပ်တန့် ကာ အရပ်ဘက်အဖွဲ့အစည်းများနှင့်အထောက်အပံ့ပေးသောအဖွဲ့အစည်းများဖြင့် ဖြစ်နိုင်သမျှ တိုက်ရိုက်အလုပ်လုပ်ရန်၊ (၅) တရားမဝင်စစ်အစိုးရကို ပြည်သူလူထုအား ကိုယ်စားပြုသော တရားဝင်အစိုးရအဖြစ် သတ်မှတ်ခြင်းမပြုရန် တို့ဖြစ်သည်။
မြန်မာစစ်တပ်သည် အာဏာသိမ်းပြီးနောက် အပြစ်မဲ့ပြည်သူ အနည်းဆုံး ၇၀ ကို သတ်ဖြတ်ခဲ့ပြီး နေ့စဉ် ဆယ်ဂဏန်းမှ ရာဂဏန်းအထိ ဖမ်းဆီးထိန်းသိမ်းနေကြောင်း Tom Andrews က ကောင်စီသို့ အစီရင်ခံသည်။
အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၁၀ ရက်ညအထိ မြန်မာစစ်တပ်က မတရားဖမ်း ဆီးထိန်းသိမ်းထားသော အရေအတွက်သည် ၂၀၀၀ ကျော် ရှိနေပြီဖြစ်ပြီး ဆန္ဒပြသူများကို အကြမ်းဖက်ခြင်း၊ မိမိနေအိမ်အတွင်းငြိမ်းချမ်းစွာနေထိုင်သူများကို အကြမ်းဖက်ခြင်း စသည်ဖြင့် တစစ တိုးပွားလာကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အပြင် မြန်မာစစ်တပ်သည် နိုင်ငံတကာဥပဒေအခြေခံများကို ချိုးဖောက်ခြင်းဖြစ်သည့် သတ် ဖြတ်ခြင်း၊ အစအနေဖျောက်ခြင်း၊ ဖိစီးနှိပ်စက်ခြင်း၊ ထောင်ချခြင်းစသည့် လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်ခြင်းများကို ဆက်လက်ကျူးလွန်နေသည်မှာ အံ့ဩစရာမဟုတ်ကြောင်း အထူးအစီရင်ခံစာတင်သွင်းသူက ဆိုသည်။
ထိုသို့ မြန်မပြည်သူများအပေါ် တိုက်ခိုက်ကျူးလွန်မှုများသည် ‘မတော်တဆ’ ဖြစ်ခြင်းထက် ‘စနစ်တကျ’ လုပ်ဆောင်နေခြင်းဖြစ်သည်ကိုတွေ့ရကြောင်း Tom Andrews က ကုလလူ့အခွင့် အရေးကောင်စီသို့ အစီရင်ခံသည်။
မြန်မာပြည်သူများ၏ အမှောင်မိုက်ဆုံးအချိန်တွင် နိုင်ငံတကာမှ စုရုံးညီညွတ်စွာ အကူအညီပေးနိုင်မည်ဟုမျှော်လင့်ပြီး ထို့သို့သောအကူအညီဖြင့် မြန်မာပြည်သူများကထိုက်တွန်းကြောင်း၎င်းကမိန့်ခွန်းနိဂုံးတွင်တိုက်တွန်းပြောကြားသွားသည်။