သတင်း

ကန်သာယာတွင် အခြေအနေတင်းမာ

ကန်သာယာပန်းခြံအနီး စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ကြောင်းကို ယနေ့ (မတ် ၁၀) နံနက် ၁၀ နာရီခွဲခန့်တွင် အင်အားသုံးဖြိုခွင်းပြီး ဆန္ဒထုတ်ဖော်သူရာဂဏန်းခန့်ကို အချုပ်ကားသုံးစီးဖြင့် ဖမ်းဆီးထားသည်။

ဖမ်းဆီးထားသည့် ကားများပြန်လည်မထွက်ခွာနိုင်ရန် လမ်းမျာပိတ်ဆို့ထားပြီး လူထုက လက်များမြှောက်ကာ ချီတက်တောင်းဆိုလျက်ရှိကြောင်း မြေပြင်တွင် ကိုယ်တိုင်ပါဝင်နေသည့် မြို့ခံတစ်ဦးက ပြောသည်။

ကန်သာယာလမ်းစုံ စိန်ဂေဟာအနီးတွင် စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက‌ နေရာယူထားပြီး အသံဗုံး၊ မီးခိုးဗုံး၊ ရာဘာကြည်ဖြင့် ပစ်ခတ်မှုရှိနေသည်ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးခံထားရသူများသည် လူငယ်များဖြစ်ပြီး အမျိုးသမီးငယ်အများအပြားပါဝင်ကာ စစ်ကောင်စီ၏ လက်နက်ကိုင်အဖွဲ့များက လူငယ်များကို လက်ခေါင်း‌‌ပေါ်တင်၊ ဒူးထောက်ခိုင်းကာ ရိုက်နှက်မှုရှိခဲ့သည်ဟု ၎င်းကဆိုသည်။

မြောက်ဥက္ကလာမြို့နယ်တွင် မတ်လ ၃ ရက်က လူသေဆုံးမှုများရှိသည်အထိ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခံခဲ့ရသော်လည်း ယနေ့တွင် ကန်သာယာသပိတ်ကို အင်ဂျင်နီယာများအဖွဲ့၊ လူငယ်များနှင့် သံဃာအချို့ ပူးပေါင်းကာ ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

Show More

Related Articles

Back to top button