သတင်း

NLD နာယက ဦးဝင်းထိန် အာမခံလျှောက်ထား

ာင်ဒဏ်တစ်သက်ချမှတ်ခံရနိုင်သည့် အစိုးရကို မုန်းထား၊ မလေးစား၊ မေတ္တာပျက်အောင် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ပုဒ်မ ၁၂၄-က ဖြင့် စစ်ကောင်စီက ဖမ်းဆီး တရားစွဲဆိုထား သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ နာယက ဦးဝင်းထိန်က ယနေ့ တရားရုံးချိန်းတွင် သူ၏ ကျန်းမာရေးအရ အာမခံပေးရန် လျှောက်ထားလိုက်သည်။

အသက် ၈၂ ရှိပြီဖြစ်သည့် ဦးဝင်းထိန်သည် လက်တွန်းလှည်းနဲ့သွားလာနေရပြီး အသက်ရှူရပ်တဲ့ရောဂါရှိကြောင့် အောက်စီဂျင်မပြတ်ပေးသွင်းနေရခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ သိုင်းရွိုက်ဟော်မုန်းအားနည်းရောဂါ၊ ဆီးကြိတ်ကြီးရောဂါများရှိနေခြင်းကြောင့် အာမခံ လျှောက်ထားရခြင်းဖြစ်သည်ဟု ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက ပြောသည်။

“အဲဒီလိုမျိုးရောဂါ၊ ဝေဒနာတွေခံစားနေရတဲ့အတွက် ကျန်းမာရေးကုသမှုကို စဉ်ဆက်မပြတ် ခံယူနေရတဲ့အတွက် အာမခံလျှောက်ထားပါတယ်”ဟု ၎င်းက ပြောသည်။

ဒက္ခိဏခရိုင်တရားရုံး၌ Video Conferencing စနစ်ဖြင့် မတ် ၅ ရက်က ဒုတိယအကြိမ် ကြားနာသော ရုံးချိန်းတွင် ဦးဝင်းထိန်၏ အာမခံလျှောက်ထားမှုကို တရားလိုဘက်မှ ဥပဒေအရာရှိက တရားသူကြီး၏ ဆင်ခြင်တုံတရားဖြင့် အမိန့်တစ်ရပ်ချမှတ်ပေးရန် ရုံး တော်သို့ လျှောက်လဲကြောင်း ဒေါ်မင်းမင်းစိုးကပြောသည်။

ထို့နောက် ဒုတိယခရိုင်တရားသူကြီး ဦးစိုးနိုင်က လာမည့် မတ် ၁၉ ရုံးချိန်းတွင် အာမခံကိစ္စအမိန့်ချမည်ဟု တရားခွင်သို့ အသိပေးကြောင်း ၎င်းက ဆက်ပြောသည်။

ဦးဝင်းထိန်ဘက်မှ လိုက်ပါဆောင်ရွက်မည့် တရားလွှတ်တော်ရှေ့နေ ဒေါ်မင်းမင်းစိုးက စစ်ကောင်စီက ရှေ့နေလိုက်ခွင့်ပြုပြီဖြစ်သော်လည်း စွပ်စွဲခံရသူနှင့် တွေ့ဆုံခွင့်ရရန်၊ ဦးဝင်းထိန်၏ ဆေးမှတ်တမ်းစာအုပ် မိတ္တူတရားရုံးသို့ တင်သွင်းနိုင်ရန် ကူးယူခွင့်ကို အချုပ်ထောင် အရာရှိ များက ယခုအထိခွင့်မပြုသေးဟု ပြောသည်။ 

“နေပြည်တော်အချုပ်ထောင်က တွေ့ခွင့်မပေးပါဘူးဆိုတဲ့အကြောင်းကို ရုံးတော်ကို ကျွန်မတို့ က လျှောက်ထားပါတယ်။ ရုံးတော်က အဲဒီကိစ္စလျှောက်လဲချက်ပေးဖို့ လာမယ့်ရုံးချိန်းမှာ ချိန်းဆိုလိုက်ပါတယ်”ဟု ဒေါ်မင်းမင်းစိုးကပြောသည်။

NLD ပါတီ ယာယီဌာနချုပ်ရုံးစိုက်ရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလူက ဖေဖော်ဝါရီ ၄ ရက်တွင် ဒက္ခိဏခရိုင်တရားရုံး၌ တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ယင်းနေ့ညတွင်းချင်း၌ပင် ရန်ကုန်၌ရှိနေသည့် ဦးဝင်းထိန်ကို ဖမ်းဆီး၍ နေပြည်တော်အချုပ်ထောင်၌ ချုပ်နှောင်ထားသော်လည်း ၎င်းကို ရှေ့နေများပင် တွေ့ခွင့် မရသေးပေ။

ထို့အတူ ယနေ့ရုံးချိန်း၌ ဦးဝင်းထိန်ဘက်မှ ရှေ့နေအဖွဲ့က အမှုကို အများပြည်သူရှေ့မှောက် တွင်စစ်ဆေးပေးရန်လျှောက်ထားခဲ့သေးပြီး လာမည့်ရုံးချိန်းတွင် လျှောက်လဲချက်ပေးရန် ဒက္ခိဏခရိုင်တရားရုံးက ခွင့်ပြုထားသည်ဟု ဒေါ်မင်းမင်းစိုးကပြောသည်။

Video Conferencing စနစ်ဖြင့် ဖေဖော်ဝါရီ ၁၉ ရက် ပထမအကြိမ်ရုံးထုတ်စဉ်ကတည်းက ချက်ချင်းအမိန့်ချပေးရန် ဦးဝင်းထိန်က တောင်းဆိုဖူးသော်လည်း ဒက္ခိဏခရိုင်တရားသူကြီးက ပယ်ချထားခဲ့သည်။

စစ်ကောင်စီက ဦးဝင်းထိန်ကို အမှုဖွင့်ထားသည့် ပုဒ်မ ၁၂၄-က သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံး ထောင်ဒဏ်တစ်သက်တစ်ကျွန်း (နှစ် ၂၀ ထိ) အပြင် ငွေဒဏ်ပါ ချမှတ်နိုင်သည့်ပုဒ်မဖြစ်သည်။

တပ်ခေါင်းဆောင်တို့ အာဏာသိမ်းအပြီးတွင်  ဦးဝင်းထိန်က သတင်းထောက်များနှင့် တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် မလုပ်သင့်သည်ကို စွန့်စားပြီး လုပ်လိုက်သည်၊ မထူးဇာတ်ခင်းပြီး အာဏာသိမ်းလိုက်ခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

စစ်ကောင်စီသည် ဦးဝင်းထိန်အပြင် အခြားသော NLD ထိပ်တန်းခေါင်းဆောင်များဖြစ်သော နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကိုလည်း ပုဒ်မများတပ်ကာ အမှုဖွင့်ထားပြီးဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမဲဆွယ်ရာတွင် ကိုဗစ်ကာလအတွင်း လူစုလူဝေးကိုကြိုဆို သည်ဟူသောအကြောင်းပြချက်ဖြင့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဥပဒေ၊ အတိုင်ပင်ခံပုဂ္ဂိုလ်၏ အနီးကပ်လုံခြုံရေးတပ်ဖွဲ့တွင် သုံးစွဲသည့် စကားပြောစက်များမှာ တရားမဝင်ဟုဆိုကာ ပို့ကုန်၊ သွင်း ကုန် ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊ နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်သည်ဟူသောစွပ်စွဲချက် ဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) စသည့်ပုဒ်မ လေးခုဖြင့်အမှုဖွင့်ပြီးဖြစ်သည်။

ဦးဝင်းမြင့်ကိုမူ ရွေးကောက်ပွဲမတိုင်မီ မဲဆွယ်ယာဉ်တန်းကိုနှုတ်ဆက်မှုဖြင့် သဘာဝဘေး အန္တရာယ်စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံတော်မတည်မငြိမ်ဖြစ်စေရန်လှုံ့ဆော်သည်ဟူသောစွပ်စွဲချက် ဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (ခ) စသည့် ပုဒ်မနှစ်ခုဖြင့် စစ်ကောင်စီက အမှုဖွင့်ထားခြင်းဖြစ်သည်။

ထို့အတူ အခြားသော NLD ခေါင်းဆောင်၊ ပါတီဝင်နှင့် ရွေးကောက်ခံအမတ် အမြောက်အမြား ကိုလည်း စစ်ကောင်စီက ဖေဖော်ဝါရီ ၁ရက် အာဏာသိမ်းပြီးနောက်ပိုင်းမှစ၍ ဖမ်းဆီးအမှုဖွင့်ခြင်း၊ ဖမ်းဝရမ်းထုတ်၍ လိုက်လံရှာဖွေခြင်းများပြုလုပ်နေသည်။

ထို့အတူ NLD ထိပ်ပိုင်းခေါင်းဆောင်များအနက် ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ပိုမိုကြီးလေးသည့်အမှုများ ဖွင့်ရန် ပြင်ဆင်နေသည်ဟု ယူဆရကြောင်း သုံးသပ်နေသူတို့လည်းရှိသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏မိခင်ကို ရည်စူး၍ ပရဟိတ၊ စာကြည့်တိုက်နှင့် အခမဲ့အသက်မွေးဝမ်းကျောင်းပညာသင်တန်းများဖွင့်လှစ်ပေးနေသည့် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းနှင့် လရောင်တော်စီမံကိန်းတို့ ကို ဖေဖော်ဝါရီ ၁ စစ်ကောင်စီ အာဏာသိမ်းပြီး မကြာမီ၌ပင် ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး တာဝန်ရှိသူအချို့ကိုပါ ထိန်းသိမ်းစစ်ဆေးနေသည်ဟု ဖောင်ဒေးရှင်းနှင့် နီးစပ်သူများ၏ ပြောဆိုချက်များကို ကိုးကား၍ ထိုသို့ သတင်းထွက်ပေါ်နေခြင်းဖြစ်သည်။

Show More

Related Articles

Back to top button