မိုးကုတ်မြို့ကို လေတပ် ဗုံးကြဲ၊ ၆ ဦးထက်မနည်း သေဆုံး

တအာင်းတပ် (TNLA) သိမ်းပိုက်ထိန်းချုပ်ထားသည့် မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ လူနေအိမ်များ ယမန်နေ့ (နိုဝင်ဘာ ၁၁) ညပိုင်း လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၆ ဦး ထက်မနည်းသေဆုံးပြီး ၁၀ ဦး  ဒဏ်ရာရရှိသည ဟု ဒေသခံများနှင့် စစ်ရေးသတင်းရင်းမြစ်များထံက သိရသည်။ ည ၁၁ နာရီကျော်ခန့်တွင်  မြို့အရှေ့ပိုင်း လယ်ဦးရပ်ကွက်၊  မြို့အနောက်ပိုင်း လူးထရပ်ကွက်တို့ကို  လေယာဉ်နှစ်စီးက  ဗုံး ၅ လုံးကြဲချခဲ့ခြင်းဖြစ်သည်ဟု ဆိုကြသည်။ဗုံးကြဲမှုကြောင့်  သေဆုံးသူတို့မှာ အရှေ့ပိုင်းမှ ၃ ဦး၊ အနောက်ပိုင်းမှ ၃ ဦး ဖြစ်သည်၊ ထိခိုက်မှုစာရင်း စုံစမ်းနေဆဲဖြစ်သည်ဟု မိုးကုတ်မြို့ခံအမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။    “ အနောက်ပိုင်းရော အရှေ့ပိုင်းရော။ လောလောဆယ် အသေအဆုံးတွေက အတိအကျမသိရသေးဘူး။ … Continue reading မိုးကုတ်မြို့ကို လေတပ် ဗုံးကြဲ၊ ၆ ဦးထက်မနည်း သေဆုံး