
၁၆ : ၅၃ ချင်းပြည်နယ်တွင် သတင်းသမားတစ်ဦးအပါအဝင် ၃ ဦးအဖမ်းခံရ
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ချင်ပြည်တွင် ဟားခါးမြို့အခြေစိုက် The Hakha Timesသတင်းဌာနမှ အမှုဆောင်အရာရှိချုပ်( CEO) ကိုပါပ္ပီးအပါအဝင် လူ၃ဦးကို ယနေ့ ညနေပိုင်းတွင် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။
ချင်းပြည်နယ် ဟားခါးမြို့တွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများပြလုပ်ခဲ့ပြီး ယနေ့ညနေ ၄ နာရီအချိန်တွင် ရဲတပ်ဖွဲ့က လူစုခွဲရန် သတိပေးပြီးနောက် အဖမ်းခံရခြင်းဖြစ်သည်ဟု သိရသည်။

၁၆ : ၄၉ မွန်ပြည်နယ်စစ်အာဏာရှင်ဆန့်ကျင်ရေး
မွန်ပြည်နယ် ရေးမြို့တွင် လူဦးရေ ထောင်နှင့်ချီသည့် စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း အားရဲတပ်ဖွဲ့မှ တားဆီး ပိတ်ဆို့မှုရှိခဲ့သည်။
ရွှေဆံတော်ဘုရားအနီးတွင် ရဲတပ်ဖွဲ့အင်အား ၃၀ ခန့်ဖြင့် ပိတ်ဆို့ထားသော်လည်း လူထုက လူစုခွဲလိုက်သည့်အတွက် ထိပ်တိုက်မတွေ့ခဲ့ကြောင်း ဒေသခံများကပြောသည်။
၁၆ : ၂၅ တာမွေ ရပ်ကွက်များအတွင်း ရဲများ ဝင်ရောက်
တာမွေမြို့နယ် ၁၆၄ လမ်း အနီးတစ်ဝိုက်တွင် လူနေရပ်ကွက်များအတွင်း ညနေ ၃ နာရီခွဲခန့်မှစ၍ လမ်းများအတွင်း ရဲများ ဝင်ရောက်ကာ လှည့်ပတ်ကြည့်နေကြပြီး လက်ရှိအချိန်ထိ ရှိနေသေးကြောင်း သိရသည်။
၁၆ : ၂၂ လှည်းတန်းတွင် အဖမ်းခံရသော ပြည်သူ ၂၅ ဦးအထိ ရှိလာ
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် လှည်းတန်းရှိပြည်သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်အတွင်း အဖမ်းခံရသည့် ပြည်သူ ၂၅ ဦးအထိ ရှိလာပြီဖြစ်သည်။
အကြမ်းဖက်ဖြိုခွင်းခံရပြီးနောက် ဖမ်းဆီးခံလိုက်ရသည့် ပြည်သူများအား တင်ဆောင်ထားသည့် အချုပ်ကားတစ်စီးသည် ဘီးပေါက်သွား၍ ဖမ်းဆီးထားသူများကို အချုပ်ကားပြောင်းတင်ချိန်တွင် မြင်တွေ့လိုက်ရခြင်းဖြစ်သည်။
၁၆ : ၁၂ အိုးရှင်းစင်တာအတွင်း ပိတ်မိပြည်သူများကို ပြန်လွှတ်ပေးသယောင်ပြုက ရဲတပ်ဖွဲ့က သေနတ်ပစ်ဖြိုခွင်း
တာမွေအိုးရှန်းစင်တာအတွင်း ပိတ်မိနေသူများကို ရဲများက ပြန်လွှတ်ပေးလိုက်ပြီးနောက် လူစုလူဝေးဖြစ်ပေါ်သည်ဟုဆိုကာ ရဲတပ်ဖွဲံက သေနတ်ပစ်ဖောက်၍ လူစုခွဲခဲ့သည်။
ရဲတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ဖြိုခွင်းမှုများကြောင့် ကလေးသူငယ်၊ သက်ကြီးရွယ်အိုများအပါအဝင် ပြည်သူအများအပြားသည် ယနေ့ နေ့လယ်ပိုင်းက တာမွေအိုရှင်းစင်တာအတွင်း ဝင်ရောက်ပုန်းခိုခဲ့ခြင်းဖြစ်သည်။
ယနေ့ ညနေ ၃ နာရီခွဲတွင် တာမွေအိုးရှင်းစင်တာအတွင်း ပိတ်မိနေသည့် ပြည်သူများကို ပြန်လွှတ်ပေးသယောင်ဖြင့် ရဲတပ်ဖွဲ့က အကြမ်းဖက်ခဲ့တာဖြစ်သည်။
၁၅ : ၅၅ ဆူးလေ
ဆူးလေဝန်းကျင်တစ်ဝိုက်တွင် အခြေအနေ ငြိမ်သက်နေပြီး ဆန္ဒပြသူများ မရှိတော့သော်လည်း ကျောက်တံတားရဲစခန်းရှေ့တွင် ရဲအင်အား ၃၀ ခန့် ဆက်လက်ရှိနေဆဲ ဖြစ်သည်။
၁၅ : ၅၀ စမ်းချောင်း
ဗားကရာလမ်းနှင့် ပဒုမ္မာလမ်းထောင့တွင် ဆန္ဒပြနေသူများ ပြန်သွားသော်လည်း လူ ၁၀၀ ခန့်က ဆက်လက် ဆန္ဒပြနေဆဲ ဖြစ်သည်။ ဘယ်ရီဂိတ်များ ဆက်လက်ချထားဆဲ ဖြစ်သော်လည်း ရဲများက လမ်းပေါ်မှာ တန်းစီရပ်နေခြင်း မရှိတော့ပေ။
၁၅ : ၃၀ တာမွေ အိုးရှန်းအတွင်း ပိတ်မိနေသူများကို လွှတ်ပေး
တာမွေအိုးရှန်းအတွင်း ပိတ်မိနေသူများကို ရဲများက ပြန်လွှတ်ပေးနေကြောင်း သိရသည်။
အဆိုပါအနီးအနား ရဲတပ်ဖွဲ့ဝင်များ လိုက်လံဖမ်းဆီးမှုကြောင့် တာမွေအိုးရှန်းအတွင်းသို့ ကလေးသူငယ်၊ သက်ကြီးရွယ်အိုများအပါပအဝင် ပြည်သူအများအပြား ဝင်ရောက်ခိုလှုံခဲ့ရရသည်။
တာမွေ အိုးရှင်စတင်အနီးဆန္ဒပြသည့် ပြည်သူများကို ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။
၁၅ : ၂၅ စမ်းချောင်းတွင် ဆန္ဒပြသူများ လူစုခွဲပြီး ပြန်
ဗားကရာလမ်းထောင့်တွင် ရှိနေသော ဆန္ဒပြလူစုသည် လူအုပ်ခွဲကာ ပြန်သွားကြပြီး ကျွန်းတောလမ်းထိပ်တွင် ရဲများ အင်အားအများအပြားဖြင့် ရှိနေဆဲ ဖြစ်သည်။ ၎င်း လူအုပ်ကို မျက်ရည်ယိုဗုံးများ ပစ်ခတ်ခဲ့ကြပြီး မပေါက်ကွဲသေးသော မျက်ရည်ယိုဗုံး ၂ လုံး တွေ့ရှိရသည်။
၁၅ : ၂၃ ထပ်မံဖြိုခွင်းခံရသည့် လှည်းတန်းတွင် ၁၅ ဦးထက်မနည်း ဖမ်းဆီးခံရ
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် လှည်းတန်းရှိပြည်သူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းမှုဖြစ်စဉ်အတွင်း ပြည်သူ ၁၅ ဦးထက်မနည်း ဖမ်းဆီးခံလိုက်ရသည်။
လှည်းတန်း အင်းစိန်လမ်းမပေါ်ရှိ စံရိပ်ငြိမ်လမ်းအနီးတွင် ဆန္ဒပြနေသည့် ပြည်သူများကို ရဲနှင့် အာဏာသိမ်းစစ်တပ်က နှစ်ဖက်ညှပ်၍ သေနတ်များ၊ မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်၍ အကြမ်းဖက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ရဲနှင့် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်အတွင်း ဖမ်းဆီးခံရသည့် ပြည်သူမှ ၁၅ ဦးထက် ပို၍ များလာနိုင်သည်။
ရဲနှင့် အာဏာသိမ်းစစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် ပြည်သူများသည် နီးစပ်ရာ လမ်းကြားများအတွင်းသို့ ပြေး၍ ခိုလှုံကြသော်လည်း ရဲနှင့် အာဏာသိမ်းစစ်တပ်က သေနတ်များပစ်ခတ်၍ လိုက်ခံရှာဖွေ ဖမ်းဆီးလျက်ရှိသည်။
၁၅ : ၀၆ လှည်းတန်းတွင် ပြည်သူများကို ရဲတပ်ဖွဲ့က ထပ်မံပစ်ခတ်နေ
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် လှည်းတန်းရှိပြည်သူများကို ရဲတပ်ဖွဲ့က သေနတ် ၁၁ ချက်ခန့် ဆက်တိုက် ပစ်ခတ်၍ အကြမ်းဖက်တိုက်ခိုက်လျက်ရှိသည်။
ယနေ့မနက်ပိုင်းကတည်းက အကြမ်းဖက် ဖြိုခွင်းခံနေရသည့် လှည်းတန်းရှိ စစ်အာဏာသိမ်းမှုကို ဆန္ဒပြနေသော ပြည်သူများကို ရဲတပ်ဖွဲ့က ဆက်လက်၍ အကြမ်းဖက်ဖြိုခွင်းနေခြင်းဖြစ်သည်။
ဗဟိုလမ်းဘက်ကနေ လှည်းတန်းသို့ ရဲကား ၇ စင်းလောက်၊ အချုပ်ကားများ ချီတက်နေသည်ကို တွေ့ရသည်။
၂ : ၁၅ ကျောက်တံတားတွင် ပြည်သူ ၄ ဦးအဖမ်းခံရ
ရန်ကုန် ကျောက်တံတားမြို့နယ် ၃၂ လမ်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေမှုကို ရပ်ကြည့်နေသော အရပ်သား ၄ ဦးအား ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။
ရဲတပ်ဖွဲ့သည် ဆူးလေဘုရားအနီးပတ်ဝန်းကျင်း၌ လမ်းများပိတ်ဆို့ထားသည်။ ###
၂ : ၁၀ စမ်းချောင်းတွင် ပြည်သူများကို ရဲတပ်ဖွဲ့ ဆက်လက်ဖြိုခွင်းနေ၊ ပြည်သူနှစ်ဦး အဖမ်းခံရ
စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းနှင့် ကျွန်းတောလမ်းထောင့်တွင် ရဲများ နေရာယူထားပြီး လူအုပ်စုအတွင်း မျက်ရည်ယိုဗုံး ၂ လုံး ပစ်ခွဲဖြိုခွင်းလျက်ရှိသည်။
ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့် ပစ်ခတ်ဖြိုခွင်းမှုတွင် အမျိုးသား ၁ ဦး ၊ အမျိုးသမီး ၁ ဦးကို အကြမ်းဖက်ဖြိုခွင်းနေသည့် ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ ဗားကရာလမ်းနှင့် ပန်းခြံလမ်းထောင့်မှာနေရာယူထားသည်။ စစ်အာဏာသိမ်းမှုဆန့်ကျင်နေသော ပြည်သူများအား ရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်လျက်ရှိသည်။
၁ : ၁၆ မြေနီကုန်း ရာဘာကျည်ပစ်
စမ်းချောင်းမြို့နယ်၊ ဗားကရာလမ်းနှင့်ညောင်တုန်းလမ်းထောင့်တွင် ရာဘာကျည်ပစ်ဖောက်ပြီး ရဲတပ်ဖွဲ့က ရှေ့တက်လာနေသည်။ ဆန္ဒပြနေသူတစ်ဦးလည်း အဖမ်းခံရသည်။ ###
၁ : ၁၀ ဖြိုခွင်းသော်လည်း လူစုပြီး ဆန္ဒဆက်ပြ
လှည်းတန်းမှာ ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သော်လည်း ဆန္ဒပြပြည်သူများက ပြန်စုစည်းပြီး ဆက်လက်ဆန္ဒပြလျက်ရှိသည်။ ###
၁၃ : ၀၅ တာမွေ အိုးရှင်းစင်တာတွင် ပြည်သူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးနေ
တာမွေ အိုးရှင်စတင်အနီးဆန္ဒပြသည့် ပြည်သူများကို ရဲတပ်ဖွဲ့က ရိုက်နှက်ဖမ်းဆီးလျက်ရှိသည်။ အခြေအနေပြည့်စုံကို ဆက်လက်ဖော်ပြပါမည်။
၁၃ : ၀၀ လှည်းတန်းတွင် ၃ ဦးဖမ်းဆီးခံရ
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို မျက်ရည်ယိုဗုံး၊ သေနတ်များဖြင့် ရဲတပ်ဖွဲ့က ပစ်ခတ်ဖြိုခွင်းပြီးနောက် ဆန္ဒပြ ပြည်သူ ၃ ဦး ရိုက်နှက်ဖမ်းဆီးခံလိုက်ရသည်ဟု သိရသည်။
လှည်းတန်းရှိ ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းသည့် ရဲတပ်ဖွဲ့သည် ဆန္ဒပြပြည်သူများအား လမ်းကြိုလမ်းကြားထဲအထိ လိုက်လံဖမ်းဆီးမှုများပြုလုပ်ခဲ့သည်။
ဆန္ဒပြပြည်သူများနှင့် သတင်းသမားများ ခိုနားနေသည့် အိမ်တံခါးများကိုလည်း ရဲတပ်ဖွဲ့က ရိုက်ခတ်၍ ဖွင့်ရန် ကြံစည်လျက်ရှိသည်။
၁၂း၄၀ ဆူးလေအခြေအနေ
ဆူးလေအနီး ပိတ်ဆို့ထားသည့် ရဲတပ်ဖွဲ့ဝင်များ ပြန်လည်ထွက်ခွာသွားပြီး ဆန္ဒပြလူစုက လမ်းပေါ်ပြန်ထွက်လာနေသည်။ ##
၁၂ : ၃၀ လှည်းတန်း အင်းစိန်လမ်းမတွင် လူစုဖြိုခွဲ
လှည်းတန်းအနီး အင်းစိန်လမ်းမပေါ်မှာ ဆက်လက်ဆန္ဒပြနေတဲ့ပြည်သူတွေကို ရဲတပ်ဖွဲ့က သေနတ်များ ဆက်တိုက်ပစ်ခတ်၍ စတင် ဖြိုခွင်းနေပြီဖြစ်သည်။
ရဲတပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုမူ မသိရသေးပေ။
လက်ရှိတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်နေသည့် ပြည်သူများသည် စတင်လူစုခွဲနေကြပြီဖြစ်သည်။
၁၂ : ၂၆ မြေနီကုန်းတွင် အဖမ်းအဆီးကြမ်းနေဆဲ
ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းနေသည့် မြေနီကုန်းတွင် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြနေသည့် လူမျိုးပေါင်းစုံအထွေထွေ သပိတ်စစ်ကြောင်းမှ တိုင်းရင်းသား ၆ ဦးထပ်မံဖမ်းဆီးခံလိုက်ရပြီဖြစ်သည်။
မြေနီကုန်းတွင် ရဲတပ်ဖွဲ့က ပြည်သူများအား သေနတ်၊ မျက်ရည်ယိုဗုံးတို့ကိုပါသုံး၍ လက်နက်မဲ့ ဆန္ဒပြသူများကို ပစ်ခတ်ဖမ်းဆီးလျက်ရှိသည်။
ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းနေသည့် ရဲတပ်ဖွဲ့သည် စမ်းချောင်းမြို့နယ်အတွင်းရှိ ရပ်ကွက်လမ်းကြားများထဲတွင်ပါ ပိတ်ဆို့ နေရာယူထားကြပြီး စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြရန် လမ်းပေါ်ထွက်လာသူမှန်သမျှကို ဖမ်းဆီးရန် ရဲတပ်ဖွဲ့က ကြံစည်နေကြသည်။
အဆိုပါနေရာတွင် ယနေ့မနက်ပိုင်းကပင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲသတင်းရယူနေသည့် Myanmar Now သတင်းထောက် မကေဇွန်နွေးကို ရဲတပ်ဖွဲက ဖမ်းဆီးထားသည်။ ###
၁၂ : ၁၅ – ဆူးလေတွင်လည်း အဖမ်းအဆီးကြမ်းနေ
ရန်ကုန်မြို့လယ်သို့ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က လိုက်လံဖမ်းဆီးနေသည်။
၁၂ : ၀၀ – လူစုလူဝေးထပ်လုပ်ရင် အင်အားသုံးဖြိုခွင်းမည်ဟု ရဲတပ်ဖွဲ့က ပြည်သူကို ခြိမ်းခြောက်
လူငါးဦးထက်ပိုမစုရန်နှင့် လူစုလူဝေးထပ်လုပ်ရင် အင်အားသုံးဖြိုခွဲသွားမည်ဖြစ်ဟု ဗားကရာလမ်းတလျှောက်တွင် ရဲကားတစ်စီးဖြင့် လိုက်လံ သတိပေးလျက်ရှိသည်။
မြေနီကုန်းလမ်းဆုံအနီး ဗားကရာလမ်းပေါ်တွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေး ဆန္ဒပြသူများကို ဖြိုခွင်း ရန် ရဲတပ်ဖွဲ့က ရှေ့သို့တိုးတိုးလာနေသဖြင့် ဆန္ဒပြလူထုသည် ဗားကရာလမ်းနှင့် ဗဟို လမ်းထောင့်အထိ နေရာရွှေ့ထားရပြီဖြစ်သည်။ ရဲတပ်ဖွဲ့က လူထုရှိရာသို့ ဦးတည်နေသော်လည်း ပြည်သူတို့က ဆန္ဒပြနေဆဲဖြစ်သည်။
လက်ရှိအချိန်တွင် ရဲများက ဗားကရာလမ်းနှင့် ဗဟိုလမ်းထောင့်တွင်နေရာယူထားပြီး ဆန္ဒပြသူ ၁၀၀ ကျော်က ဗဟိုလမ်းနှင့် ညောင်တုန်းလမ်းထောင့်မှာ အမှိုက်ပုံးတွေကာပြီး နေရာယူထားသည်။ ဗားကရာလမ်းပေါ်တွင်လည်း မပေါက်ကွဲသေးသည့်မျက်ရည်ယိုဗုံးတစ်လုံး တွေ့ရှိခဲ့ရသည်။

Myanmar Now သတင်းထောက်ဖမ်းဆီးခံရ
ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းနေသည့် မြေနီကုန်းတွင် Myanmar Nowသတင်းထောက် မကေဇွန်နွေးကို ရဲတပ်ဖွဲ့က ဖမ်းဆီးသွားသည်။ မကေဇွန်နွေးသည် မြေနီကုန်း၌ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြပွဲ၌ သတင်းယူနေစဉ်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်။
၁၁ : ၂၀ – မန္တလေးမြို့နေ NLD ဝါရင့်နိုင်ငံရေးသမားဖမ်းဆီးခံရ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏မန္တလေးတိုင်း ဒုတိယဥက္ကဋ္ဌ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဝင်းမြမြနှင့် တိုင်းအလုပ်အမှုဆောင် ဦးအေးသိန်းတို့ကို ၆၂လမ်း ၃၃လမ်း ၃၄လမ်းကြားရှိ NLD မန္တလေးတိုင်းရုံးရှေ့တွင် ယနေ့မနက်(၉)နာရီခန့်က လာရောက်ဖမ်းဆီးခေါ်ဆောင်သွားသည်။
“ဟုတ်တယ်၊ရဲကားတွေနဲ့ လာဖမ်းခေါ်သွားတယ်၊အန်တီက ပုံမှန် မနက်တိုင်း တိုင်းရုံးရှေ့ကို ချိပ်ပိတ်ထားပေမယ့် သွားနေကြ၊ လုပ်စရာရှိတာလုပ်တယ်၊ လှည့်စရာရှိတာလှည့်တယ်၊ နေပြည်တော်စည်ပင်ရိပ်သာ ပြန်လာပြီးကတည်းကရုံးလုပ်ငန်းဆိုင်ရာတွေ ချိပ်ပိတ်ထားပေမယ့် သွားလုပ်တယ်၊ ခုမနက်တော့ ရုံးရှေ့လူစုခွဲပြီး လာဖမ်းခေါ်သွားတာ”ဟု ဒေါ်ဝင်းမြမြ၏ တူဖြစ်သူ ကိုစိုးမိုးအောင်ကအတည်ပြုသည်။
ရဲတပ်ဖွဲ့သည် မန္တလေး၌ ယနေ့မနက်ပိုင်းက ၃၅လမ်း၆၆လမ်း ရှမ်းတိုင်းရင်းသားရုံးရှေ့တွင်ဆန္ဒပြနေသူများအား ပစ်ခတ်ဖမ်းဆီးမှုတချို့ပြုလုပ်ခဲ့သည်ဟု မျက်မြင်များက ပြောသည်။
ဆန္ဒပြသူတို့ စုဝေးရာနေရာများဖြစ်သည့် မြတောင်ကျောင်း၊ဘူတာကြီး၊မနော်ရမ္မံ တို့တွင်လည်း ရဲတပ်ဖွဲ့နှင့်စစ်သားအများအပြား နေရာယူထားသည်။

၁၁ : ၁၀ စမ်းချောင်း၊ ကျွန်းတောလမ်းတွင် ရဲတပ်ဖွဲ့က သေနတ်ဖြင့် စတင်ပစ်ခတ်နေ
စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းတွင် စုဝေးနေသည့် လူမျိုးပေါင်းစုံအထွေထွေ သပိတ်စစ်ကြောင်းကို ရဲတပ်ဖွဲ့က သေနတ် ၆ချက် ပစ်ခတ်၍ ဖြိုခွင်းနေပြီဖြစ်သည်။ ကျွန်းတော်လမ်းထိပ်တွင် ရဲတပ်ဖွဲ့သည် ပြည်သူများကို သေနတ်ဖြင့် ပစ်ခတ်နေသလို မျက်ရည်ယိုဗုံးများကိုလည်း ဖောက်ခွဲလျက်ရှိသည်။
ထိခိုက်ဒဏ်ရာရရှိမှုအခြေအနေကိုမူ မသိရသေးပေ။
၁၁ : ၀၅ – ဆူးလေတွင် အဖမ်းအဆီးရှိလာ
ယနေ့နံနက်ပိုင်းက တည်ငြိမ်နေခဲ့သော ရန်ကုန်မြို့လယ် ဆူးလေတွင် စစ်အာဏာသိမ်းမှုဆန့် ကျင်ရေးဆန္ဒပြနေသူများကို ရဲတပ်ဖွဲ့က အကြမ်းဖက်ဖမ်းဆီးမှုများရှိလာပြီဖြစ်သည်။
၁၀ : ၅၆ ရဲတပ်ဖွဲ့က ဖြိုခွင်းခံရသည့် ပြည်သူများအား သွေးသစ္စာသီးချင်း သီဆို၍ စမ်းချောင်းပြည်သူများ ဝန်းရံနေ
စမ်းချောင်းမြို့နယ် ကျွန်းတောလမ်းတွင် စုဝေးနေသည့် လူမျိုးပေါင်းစုံအထွေထွေ သပိတ်စစ်ကြောင်းသည့် ပြန်လည်စုဝေးနေပြီး ရပ်ကွက်နေပြည်သူများက ‘သွေးသစ္စာ’သီးချင်းကို အသံပြိုင်တည်ဆို၍ အားပေးဝန်းရံလျက်ရှိသည်။
ရဲတပ်ဖွဲ့ဝင်များသည့် မြေနီကုန်းတွင် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်သည့် ပြည်သူများအား မနက်ပိုင်းကတည်းက လိုက်ခံဖမ်းဆီးလျက်ရှိသည်။
လက်ရှိတွင် စမ်းချောင်းဆီဆုံလမ်းထိပ်တွင် ရဲတပ်ဖွဲ့ဝင်အများအပြားပိတ်ဆို့ထားသလို ရပ်ကွက်နေလမ်းကြားထဲတွင်လည်း ရှိကြောင်း၊ ရဲတပ်ဖွဲ့ဝင်များသည် ပြည်သူများအား ရပ်ကွက်လမ်းကြားထဲအထိ လိုက်လံ ဖမ်းဆီးမည်ဟု သိရကြောင်း ဆန္ဒပြသပိတ်စစ်ကြောင်း၏ ကင်းထောက်တစ်ဦးက လှည့်လည်နှိုးဆော်လျက်ရှိသည်။
၁၀ : ၃၃ လှည်းတန်းတွင် သတင်းသမားများကို ရဲတပ်ဖွဲ့က လိုက်ဖမ်းနေ
လှည်းတန်းတွင် ပြုလုပ်နေသည့် ပြည်သူများ၏ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပွဲကို သတင်းယူနေသည့် သတင်းသမားများကို ဖမ်းရန် ရဲတပ်ဖွဲ့က ကြိုးပမ်းလျက်ရှိသည်။
‘မီဒီယာတွေကို ဖမ်း’ဟု ရဲတပ်ဖွဲ့ဝင်အချင်းချင်း အမိန့်ပေးပြောဆိုနေကြသလို လှည်းတန်းပတ်ဝန်းကျင်ရှိ လမ်းကြိုလမ်းကြားထဲအထိ ရဲတပ်ဖွဲ့က သတင်းသမားများကို လမ်းကြိုလမ်းကြားထဲအထိ လိုက်လံ ဖမ်းဆီးလျက်ရှိသည်။
ယနေ့မနက်ပိုင်းကပင် လှည်းတန်း၌ သတင်းသမားနှစ်ယောက် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
၁၀ : ၂၈ မြေနီကုန်းလမ်းဆုံတွင် ဆန္ဒပြပြည်သူများကို လိုက်ဖမ်းနေ
မြေနီကုန်းတွင် ဆန္ဒပြနေသည့် ပြည်သူများအား ရဲတပ်ဖွဲ့ လိုက်ဖမ်းဆီးလျက်ရှိပြီး ပြည်သူများသည် ရပ်ကွက်လမ်းကြားများသို့ ဝင်ရောက်တိမ်းရှောင်နေကြသည်။
ရဲတပ်ဖွဲ့ဝင်များသည် ဗားကရာလမ်းတစ်လျှောက်ရှိ ပြည်သူများကို တွေ့သမျှဖမ်းဆီးနေခြင်းဖြစ်သည်။
ပြည်သူများကို အကြမ်းဖက် ဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များကို ရပ်ကွက်နေ ပြည်သူများက သံပုံးတီး၍ ဆန့်ကျင်ဆန္ဒပြနေကြသည်။
၁၀ : ၂၅ – မကွေးအခြေစိုက် သတင်းထောက်တစ်ဦးဖမ်းဆီးခံရ
မြေလတ်ဂျာနယ် သတင်းထောက် မဇာဇာ(မကွေး)ကို ယနေ့နံနက် ၁၀ နာရီဝန်းကျင်က ရဲတပ်ဖွဲ့ကဖမ်းဆီးသွားသည်ဟု မကွေးမြို့အခြေစိုက် သတင်းထောက်များကအတည်ပြုသည်။
မကွေးမြို့ပေါ်၊ သစ္စာလမ်းပေါ်ရှိ စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြလူအုပ်ရှိရာနေရာတွင် သတင်းယူရင်း ထိုသို့ ဖမ်းဆီးခံရခြင်းဖြစ်သည်။
ဖြိုခွင်းမှုအတွင်း ရဲတပ်ဖွဲ့က မီးခိုးဗုံးပင်သုံးခဲ့ပြီး သတင်းထောက် မဇာဇာ(မကွေး)နှင့်အတူ ဆန္ဒပြပြည်သူအချို့ကိုပါ ဖမ်းဆီးသွားသည်ဟု သိရသော်လည်း အရေအတွက်ကိုအတည်မပြုနိုင်သေးပေ။
မုံရွာမြို့ ပြာဿာဒ်ကျောင်းရှေ့၌ စစ်အာဏာသိမ်းမှုဆန့်ကျင်နေသည့် ပြည်သူများနှင့် ရဲတပ်ဖွဲ့ တင်းမာမှုကို တိုက်ရိုက်ထုတ်လွှင့်နေသော မုံရွာဂေဇက် အဖွဲ့သားများလည်းဖမ်းဆီးခံထားရကြောင်း သိရပြီး အရေအတွက်ကိုအတည်မပြနိုင်သေးပေ။
Update : ၁၀ : ၄၅ – သတင်းထောက်မဇာဇာပြန်လည်လွတ်မြောက်လာပြီဟု မကွေးအခြေစိုက်သတင်းထောက်အချို့ကအတည်ပြုသည်။ ###
၁၀ : ၂၃ သတင်းသမားများကို ရဲတပ်ဖွဲ့က လိုက်ဖမ်းနေ
လှည်းတန်းတွင် ပြုလုပ်နေသည့် ပြည်သူများ၏ စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပွဲကို သတင်းယူနေသည့် သတင်းသမားများကို ဖမ်းရန် ရဲတပ်ဖွဲ့က ကြိုးပမ်းလျက်ရှိသည်။
‘မီဒီယာတွေကို ဖမ်း’ဟု ရဲတပ်ဖွဲ့ဝင်အချင်းချင်း အမိန့်ပေးပြောဆိုနေကြသလို လှည်းတန်းပတ်ဝန်းကျင်ရှိ လမ်းကြိုလမ်းကြားထဲအထိ ရဲတပ်ဖွဲ့က သတင်းသမားများကို လိုက်လံ ဖမ်းဆီးလျက်ရှိသည်။
ယနေ့မနက်ပိုင်းကပင် လှည်းတန်း၌ သတင်းသမားနှစ်ယောက် ကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။
၁၀ : ၁၄ ဖမ်းဆီးမှုများရှိသော်လည်း ပြည်သူများက လှည်းတန်းတွင် အာဏာသိမ်းမှုကို ဆက်လက်ဆန္ဒပြ
စစ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြရန် လူစုသည်နှင့် ရဲတပ်ဖွဲ့က ဖြိုခွင်းဖမ်းဆီးနေသည့် လှည်းတန်းတွင် ပြည်သူများသည် စစ်အာဏာသိမ်းကို ဆက်လက်တော်လျက်လျက်ရှိသည်။
ပြည်သူများသည် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို ထောက်ခံကြောင်း ကြွေးကြော်ဆန္ဒပြလျက်ရှိသည်။
တစ်ဖက်မှာလည်း ဆန္ဒပြနေသည့် ပြည်သူများကို အကြမ်းဖက်ဖြိုခွင်းရန် ရည်ရွယ်၍ ရဲတပ်ဖွဲ့ဝင်အများအပြားချီတက်လာနေပြီဖြစ်သည်။
၁၀ : ၁၀ – မြေနီကုန်းတွင် ရဲတပ်ဖွဲ့က သေနတ်သုံးဖြိုခွင်းရန်ကြိုးပမ်း
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များက စတင်ဖမ်းဆီးနေပြီး မျက်ရည်ယိုဗုံး ၆ လုံးပစ်ခွဲ၍ ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းပြီးနောက် သေနတ်ကိုပါ အသုံးပြုရန် ရဲတပ်ဖွဲ့က စတင်လုပ်ဆောင်လာနေသည်။
၁၀ : ၀၃ မြေနီကုန်းတွင် စတင်ဖမ်းဆီး၊ မျက်ရေယိုဗုံးစသုံး
မြေနီကုန်းတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြနေသည့် ပြည်သူများကို ရဲတပ်ဖွဲ့ဝင်များက စတင်ဖမ်းဆီးနေပြီး မျက်ရည်ယိုဗုံး ၆ လုံးပစ်ခွဲ၍ ပြည်သူများအား အကြမ်းဖက်ဖြိုခွင်းလျက်ရှိသည်။
မြေနီကုန်းလမ်းဆုံ ပြည်လမ်းနှင့် ဗားကရာလမ်းတို့ကို ရဲတပ်ဖွဲ့က ပိတ်ဆို့ထားသည်။
ဆန္ဒပြပြည်သူများအား အကြမ်းဖက်ဖမ်းဆီးနေသည့် ရဲတပ်ဖွဲ့ဝင်များကို ရပ်ကွက်နေပြည်သူများက သံပုံးတီးမောင်းထုတ်လျက်ရှိသည်။

၁၀ : ၀၀ မန္တလေးတွင်လည်း ရဲတပ်က လုံခြုံရေးတင်းကျပ်
အပတ်စဉ် အင်အားသိန်းချီ လူထုစုပေါင်းထိုင်သပိတ်လုပ်လေ့ရှိသော မန္တလေးဘူတာကြီးရှေ့တွင် ယနေ့နံနက် ၉ နာရီမှစ၍ စစ်တပ်နှင့် ရဲအင်အား တစ်ရာထက်မနည်းက အချုပ်ကား၊ ရေကား၊ တင့်ကားတို့ဖြင့် စည်းသုံးတန်ချကာ အသင့်လုံခြုံရေးယူထားကြသည်။ နေ့စဉ် လုံခြုံရေးယူလျက်ရှိသော မန္တလေးဈေးချိုနာရီစင်ရှေ့နှင့် မြန်မာ့စီးပွားရေးဘဏ်(၁)ရှေ့တွင် လုံခြုံရေးချထားသည်ကို ယနေ့မတွေ့ရပေ။

၀၉ : ၅၈ – လှည်းတန်းတွင် လူစုသည်နှင့်ဖမ်းနေ
ယမန်နေ့က ပစ်ခတ်ဖြိုခွင်းသည်အထိ ရဲတပ်ဖွဲ့အကိုင်အတွယ်ကြမ်းခဲ့သည့် လှည်းတန်းတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြသူများ လူစုဝေးသည်နှင့်တစ်ပြိုင်နက်ဖမ်းဆီးသည့် ပုံစံကို ရဲတပ်ဖွဲ့က ယခုကျင့်သုံးနေပြီး သတင်းထောက်များကိုလည်းပစ်မှတ်ထားနေသည်။
စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမည့်သူတစ်ဦးရောက်လာတိုင်း ရဲတပ်ဖွဲ့ဝင်များက အကြမ်းဖက် ဖမ်းဆီးလျက်ရှိသည်။
ထို့အပြင် လှည်းတန်းလမ်းဆုံတွင် သတင်းယူလျက်ရှိသည့် သတင်းသမားများ ကင်မရာကိုင်၍ သတင်းရိုက်ကူးမှုများပြုလုပ်လျှင်ပင် ရဲတပ်ဖွဲ့ဝင်များက အုပ်စုလိုက်ပြေးလာပြီး လိုက်ခံဖမ်းဆီးလျက်ရှိသည်။
ရဲတပ်ဖွဲ့ဝင်များသည် လှည်းတန်းဂုံကျော်တံတားအောက်မှာ ပိတ်ဆို့ထားသည်။ လှည်းတန်းလမ်းမပေါ်တွင်လည်း ရာနှင့်ချီသည့် ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသလို တက္ကသိုလ်ရိပ်သာလမ်းပေါ်တွင်လည်း ရဲတပ်ဖွဲ့ဝင်များက ပိတ်ဆို့ထားသည်။
လှည်းတန်းတွင်ဖမ်းဆီးခံရသည့်သတင်းထောက်နှစ်ဦးမှာ MPAနှင့် AP သတင်းထောက်နှစ်ဦးဟု ကနဦးသတင်းများကဆိုသော်လည်း အတည်မပြုနိုင်သေးပေ။
၀၉ : ၅၅ – လူမျိုးပေါင်းစုံစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုနေရာပြောင်းခဲ့ရ
မွန်အမျိုးသားနေ့အထိမ်းအမှတ် လူမျိုးပေါင်းစုံစစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုကို ရန်ကုန်မြို့ စမ်းချောင်းမြို့နယ်အတွင်းပြုလုပ်နေသည်။ မူလကပဒုမ္မာကွင်းရှေ့တွင် ပြုလုပ်ရန် စဉ်ထားသော်လည်း ရဲအင်အားအလုံးအရင်းဖြင့်နေရာဝင်ယူထားသဖြင့် ဗားကရာလမ်းဘက်သို့ပြောင်းရွှေ့ဆန္ဒပြခဲ့ကြရသည်။
၀၉ : ၅၀ – မုံရွာ၌ လုံခြုံရေးတင်းကျပ်ထား
မုံရွာမြို့ ဗိုလ်ချုပ်လမ်း ချင်းတွင်းရတနာစျေးရှေးတွင် စစ်ကား ၁၀ စီးထက်မနည်းနှင့် ရဲတပ်ဖွဲ့များကို လုံခြုံရေးချထားသည်။

၀၉ : ၄၀ – မြေနီကုန်းအခြေအနေ
မြေနီကုန်းလမ်းဆုံတွင် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြမည့် ပြည်သူများ၊ တိုင်းရင်းသားများ စတင်စုဝေးနေပြီဖြစ်သည်။
ယမန်နေ့က မြေနီကုန်းလမ်းဆုံတွင် အကြမ်းဖက်ဖြိုခွင်းခံရသော်လည်း ယနေ့နံနက်ပိုင်းမှာ အာဏာသိမ်းမှုကို ဆန့်ကျင်မည့် ပြည်သူများသည် တဖြည်းဖြည်းစုဝေးလျက်ရှိသည်။
တစ်ဖက်တွင်မူ မြေနီကုန်းလမ်းဆုံကို ပြည်သူများစတင်စုဝေးခြင်းမရှိသေးချိန်မှာပဲ ရဲကား အစီး ၅၀ ခန့်က လမ်းများကို ပိတ်ဆို့ထားပြီဖြစ်သည်။
၀၉ : ၁၅ – ရန်ကုန်မြို့လယ်ကောင်၌တည်ငြိမ်နေဆဲ
ရန်ကုန်မြို့လယ် ဆူးလေတွင် အခြေအနေများပုံမှန်အတိုင်းရှိနေသည်။

၀၉ : ၀၀ – လှည်းတန်းတွင်စတင်ဖမ်းဆီး
ရန်ကုန်မြို့လှည်းတန်းတွင် စစ်အာဏာသိမ်းမှုဆန့်ကျင်ရေးဆန္ဒပြနေသည့် ပြည်သူများကို စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့က စတင်အကြမ်းဖက်ဖြိုခွင်းနေပြီဖြစ်သည်။ ဖြိုခွင်းမှုအတွင်း သတင်း ထောက်တစ်ဦးနှင့် ပြည်သူအချို့ဖမ်းဆီးခံခဲ့ရသော်လည်း အတည်မပြုနိုင်သေးပေ။
၀၈ : ၃၀ – လှည်းတန်းတွင်လည်း လုံခြုံရေးများစုဝေးထား
ယမန်နေ့က သေနတ်ဖြင့်အကြိမ်ကြိမ်ပစ်ခတ်ဖြိုခွင်းခဲ့သည့် ရန်ကုန်မြို့လှည်းတန်းတွင် ရဲနှင့်စစ်တပ်လုံခြုံရေးများစွာရှိနေသည်။

နေ့စဉ်ရက်ဆက် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြစုဝေးပြလေ့ရှိပြီး ယမန်နေ့က အကြမ်းဖက်ဖြိုခွင်းခဲ့သည့် ရန်ကုန်မြို့ မြေနီကုန်း အနီးဝန်းကျင် ပဒုမ္မာကွင်းရှေ့နဲ့ မြေနီကုန်း တံတားအောက်တွင်ရဲနှင့်စစ်တပ်ကလုံခြုံရေးယူထား သည်။
