၁၀၂၇ စစ်ဆင်ရေးတစ်နှစ်တာအတွင်း မြန်မာ့သမိုင်းကြောင်းဘာအပြောင်းအလဲတွေဖြစ်ခဲ့လဲ

မြောက်ပိုင်းမဟာမိတ် ကိုးကန့်တပ် MNDAA၊ တအာင်းတပ် TNLA နှင့် ရခိုင်တပ် AA တို့ဦးဆောင်ပြီး ပြီးခဲ့သည့်နှစ် အောက်တိုဘာ ၂၇ ကစတင်ခဲ့သည့် ‘၁၀၂၇ စစ်ဆင်ရေး’ တစ်နှစ်ပြည့်ခဲ့ပြီ။
ထိုစစ်ဆင်ရေး စတင်ချိန်တွင် ‘ကိုးကန့်မျိုးနွယ်စုချင်း လက်စားချေသည့်စစ်ပွဲ’ ဟု စစ်ကောင်စီက ပေါ့ပေါ့တန်တန်တွက်ဆခဲ့သော်လည်း စစ်ပွဲတစ်နှစ်တာအတွင်း ကြီးမားသည့်ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ခဲ့ရသည်။