ရုပ်သံသတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ရာထူးကို ဖန်တီးပေးနိုင်ခဲ့တဲ့သူ ဦးကိုနီ

၅၉(စ)ဟု လူသိများသည့် အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်အရ ဒေါ်အောင်ဆန်းစုကြည်သည် သမ္မတဖြစ်ခွင့် မရှိသောကြောင့် ၂၀၀၈ ဖွဲ့စည်းပုံ၏ အားနည်းချက်များကို ရှာဖွေကျော်လွှားကာ ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် တိုင်းပြည်ကို ဦးဆောင်နိုင်အောင် အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုသည့် ရာထူးတစ်ခုကို ဖန်တီးပေးခဲ့သူမှာ တရားလွှတ်တော်ရှေ့နေ ဦးကိုနီဖြစ်သည်။ ဇန်နဝါရီလ ၂၉ ရက်နေ့ ယနေ့သည် ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရသည်မှာ ၄ နှစ်ပြည့်မြောက်သွားပြီဖြစ်ပြီး နိုင်ငံကို ဦးဆောင်နိုင်မည့် နေရာတစ်ခုကို ဒေါ်အောင်ဆန်းစုကြည်အတွက် ဖန်တီးပေးနိုင်ခဲ့တာကြောင့် ဦးကိုနီလုပ်ကြံခံခဲ့ရခြင်းဖြစ်နိုင်ကြောင်း ဦးကိုနီအား လုပ်ကြံသတ်ဖြတ်သူတချို့ကို ဖမ်းဆီးအပြစ်ပေးနိုင်ခဲ့သော်လည်း အဓိကတရားခံ အောင်ဝင်းခိုင်ကို ဖမ်းဆီးနိုင်ခြင်းမရှိသေးခြင်းက ဦးကိုနီအတွက် တရားမျှတမှုမရှိသေးကြောင်း မုံရွာဦးအောင်ရှင်က ပြောဆိုလိုက်သည်။

သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now

[youtube https://youtu.be/hGT2EKNKH1c]

Show More

Related Articles

Back to top button