
အာဏာမသိမ်းဘူးလို့ မှတ်ယူလို့မရကြောင်း ပြောဆိုခဲ့သည့် တပ်မတော်၏ သဘောထားမှတ်ချက်သည် တိုင်းပြည်နှင့် ပြည်သူလူထုကို ခြိမ်းခြောက်ရာရောက်နေပြီး ထိုသို့ဖြေရှင်းမည်ဆိုပါက တိုင်းပြည်အတွက် အကျိုးရှိမည်မဟုတ်ကြောင်း တိုင်းရင်းသားပါတီခေါင်းဆောင်များက ပြောဆိုလိုက်သည်။ ၂၀၀၈ အခြေခံဥပဒေတွင် တပ်မတော်ကို အာဏာသိမ်းယူခွင့် မပေးထားဘဲ အရေးပေါ်အခြေအနေပေါ်ပေါက်လာမှသာ တပ်မတော်က နိုင်ငံတာဝန်ကို ရယူခွင့်ပေးထားတာဖြစ်ပြီး ထိုသို့ရယူခွင့်ကိုလည်း နိုင်ငံတော်သမ္မတမှ တာဝန်ပေးမှသာ ရယူနိုင်မည်ဖြစ်ကာ အရေးပေါ်အခြေအနေပေါ်ပေါက်ကြောင်း သတ်မှတ်ခြင်းနှင့် အမိန့်ထုတ်ပြန်ခြင်းကိုလည်း နိုင်ငံတော်သမ္မတမှသာ ဆောင်ရွက်နိုင်သည်ဟု ၂၀၀၈ ဖွဲ့စည်းပုံတွင် ဖော်ပြထားပါသည်။
သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now
[youtube https://youtu.be/Vbf7XaZK55E]