အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

မိုက်ကယ်ကျော်မြင့်ကို နေအိမ်၌ ရဲတပ်ဖွဲ့ဖမ်းဆီး

မြို့နယ်(၃)ခုတွင် တရားစွဲခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ မိုက်ကယ်ကျော်မြင့်ကို ဇန်နဝါရီလ(၂၆) ရက် နေ့ညက နေအိမ်၌ ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း တောင်ဒဂုံမြို့နယ်ရဲစခန်းက အတည်ပြုခဲ့ပြီး နေပြည်တော်တွင် သွားရောက်စိုက်ထူမည့် ကျောက်တိုင်ကိုပါ ရဲတပ်ဖွဲ့က သိမ်းဆည်းသွားခဲ့သည်။ မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-က ဖြင့် တောင်ဒဂံဒမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်က တရားလိုပြုလုပ်ကာ ဇန်နဝါရီလ ၁၅ ရက်နေ့က အမှုဖွင့်တရားစွဲခဲ့တာဖြစ်ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းနှင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရဲစခန်းတို့ကလည်း ပုဒ်မတစ်ခုစီဖြင့် အမှုဖွင့် ဝရမ်းထုတ်ထားပါသည်။

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now

[youtube https://youtu.be/hlrsE5qhJPI]

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button