
မြို့နယ်(၃)ခုတွင် တရားစွဲခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရသူ မိုက်ကယ်ကျော်မြင့်ကို ဇန်နဝါရီလ(၂၆) ရက် နေ့ညက နေအိမ်၌ ရဲတပ်ဖွဲ့မှ ဖမ်းဆီးလိုက်ကြောင်း တောင်ဒဂုံမြို့နယ်ရဲစခန်းက အတည်ပြုခဲ့ပြီး နေပြည်တော်တွင် သွားရောက်စိုက်ထူမည့် ကျောက်တိုင်ကိုပါ ရဲတပ်ဖွဲ့က သိမ်းဆည်းသွားခဲ့သည်။ မိုက်ကယ်ကျော်မြင့်ကို နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၁၂၄-က ဖြင့် တောင်ဒဂံဒမြို့နယ် အုပ်ချုပ်ရေးမှူး ဦးရဲအောင်က တရားလိုပြုလုပ်ကာ ဇန်နဝါရီလ ၁၅ ရက်နေ့က အမှုဖွင့်တရားစွဲခဲ့တာဖြစ်ပြီး ကျောက်တံတားမြို့နယ်ရဲစခန်းနှင့် စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ရဲစခန်းတို့ကလည်း ပုဒ်မတစ်ခုစီဖြင့် အမှုဖွင့် ဝရမ်းထုတ်ထားပါသည်။
သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now
[youtube https://youtu.be/hlrsE5qhJPI]