
စစ်ကိုင်းတိုင်းဒေသကြီး ၊ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း အကောင်အထည်ဖော်ရန် လွန်ခဲ့သည့် ၁၀ နှစ်ခန့်က သိမ်းဆည်းခဲသည့် လယ်ယာမြေများနှင့် ပတ်သက်ပြီး လျော်ကြေးယူသည့် တောင်သူများရှိသလို လက်ရှိပေါက်ဈေးအတိုင်း မပေးလျော်သည့်အတွက် လျော်ကြေးမယူသည့် ဒေသခံတောင်သူများလည်း များစွာကျန်ရှိနေပါသည်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းသည် မြေဧကပေါင်း ၇၈၀၀ ကျော်ပေါ်တွင် ၂၀၁၂ ခုနှစ်မှစ၍ နှစ်ပေါင်း ၃၀ နှင့် ငါးနှစ်တစ်ကြိမ် သက်တမ်းတိုးခွင့် သုံးကြိမ်ရှိသည့် စီမံကိန်းဖြစ်ပြီး မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC နှင့် တရုတ်နိုင်ငံအပိုင် ဝမ်ပေါင်ကုမ္ပဏီတို့၏ နိုင်ငံတော်နှင့် အကျိုးတူအကောင်အထည်ဖော်ခဲ့သည့် စီမံကိန်းဖြစ်ပါသည်။ စီမံကိန်းကြောင့် ရွာပေါင်း (၂၆)ရွာမှ ရာနှင့်ချီသည့် ဒေသခံများ၏ လယ်ယာဧကပေါင်း(၆၀၀၀)ကျော် သိမ်းဆည်းခံခဲ့ရသည်။
သတင်းနှင့်ရိုက်ကူး – ရန်မိုးနိုင်/Myanmar Now
[youtube https://youtu.be/7j_1vgGMGmU]