အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ရန်ကုန်မြို့ နေရာတချို့တွင် ပြည်သူများ NLD အလံလွှင့်ထူထား

ရန်ကုန်မြို့နေရာတချို့ရှိ NLD ပါတီရုံးများမဟုတ်သည့် ပြည်သူများ၏နေအိမ်များ၊ တိုက်ခန်းများအရှေ့တွင် NLD အလံများစိုက်ထူထားသည်ကို တွေ့မြင်ရပြီး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အစိုးရအသစ်ကို ထောက်ခံကြောင်း ပြသသည့်အနေဖြင့် ယခုလိုလွှင့်ထူကြောင်း ပြည်သူများက ဆိုကြသည်။ ပြည်သူများ NLD အလံလွှင့်ထူခြင်းပတ်သက်ပြီး NLD ပါတီအနေဖြင့် တစ်စုံတစ်ရာ ညွှန်ကြားမှုမရှိခဲ့ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သလို အစိုးရသစ်ဖွဲ့စည်းခါနီးအချိန်တွင် ယခုလို ပြည်သူများ၏ တစ်ကျော့ပြန်ထောက်ခံကြောင်းပြသမှုကို ကြိုဆိုပြီး ပြည်သူများ၏ဆန္ဒကို လေးစားသည်ဟု သူက ဆက်ပြောပါသည်။

သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now

[youtube https://youtu.be/SaB2fzfJ63Y]

Related Articles

Back to top button