
မဆလခေတ်နှင့် စစ်အစိုးရခေတ်အဆက်ဆက်က တောင်သူလယ်သမားများဆီမှ သိမ်းဆည်းထားခဲ့သည့် မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ထဲရှိ ကျေးရွာသုံးရွာမှ လယ်ယာမြေဧက ၇၀၀ ခန့်မှ ဧက၄၀၀ ကျော်ကို ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သိမ်းဆည်းခံတောင်သူများထံ ပြန်လည်ပေးအပ်သည့်အနေဖြင့် ယာယီပုံစံ ၃ များကို ပေးအပ်ခဲ့ပါသည်။ ကျန်ရှိနေသေးသည့် လယ်မြေဧက ၂၀၀ ကျော်ကို စိစစ်ရန်ကျန်ရှိနေသေးသည့်အတွက် ပြန်လည်ပေးအပ်နိုင်ခြင်း မရှိသေးကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့က ပြောဆိုလိုက်ပြီး ဒေသခံများအနေဖြင့် သိမ်းဆည်းစဉ်က အတူတကွသိမ်းဆည်းခဲ့ခြင်းကြောင့် ပြန်လည်ပေးအပ်ချိန်တွင်လည်း အတူတကွ ပြန်ပေးစေချင်ကြောင်းနှင့် ကျန်ရှိနေသည့် လယ်ယာမြေပေါ်တွင် နိုင်ငံတော်စီမံကိန်းများပြုလုပ်မည်ကို စိုးရိမ်လျက်ရှိနေကြသည်။
သတင်းနှင့်ရိုက်ကူး – ရန်မိုးနိုင်/Myanmar Now
[youtube https://youtu.be/CzoQxlk-RIE]