
အိန္ဒိယအစိုးရမှ မြန်မာအစိုးရကို လက်ဆောင်ပေးအပ်သည့် ကိုဗစ်ကာကွယ်ဆေး အလုံးရေတစ်သန်းခွဲ ယနေ့ ဇန်နဝါရီ ၂၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံသို့ ရောက်ရှိလာပြီဖြစ်သည်။ ကာကွယ်ဆေးရရှိလာသော်လည်း ပြည်သူများအနေဖြင့် ပေါ့ပေါ့ဆဆမနေရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်မှ ဇန်နဝါရီ ၂၁ ရက်နေ့ ညပိုင်းက ပြည်သူလူထုကို ပြောဆိုသည့် မိန့်ခွန်းတွင် ထည့်သွင်းပြောဆိုခဲ့သလို အစိုးရယန္တရား ပုံမှန်အတိုင်းလည်ပတ်နိုင်ရန်အတွက် အရေးကြီးနေရာများကို ဦးစားပေးအစီအစဉ်များချမှတ်ပြီး ကာကွယ်ဆေးထိုးပေးသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောဆိုခဲ့သည်။
သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now
[youtube https://youtu.be/7XtDYlKRl1s]