ရုပ်သံသတင်း

FDA ညွှန်ကြားရေးမှူးချုပ်၏ အဂတိမှုကို အပြီးသတ်လျှောက်လဲချက်တင်

အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA) ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသန်းထွဋ်ကို ၂၀၁၈ ခုနှစ် ဧပြီလကုန်ပိုင်းက လုပ်ပိုင်ခွင့်အာဏာကိုအသုံးချပြီး FDA ၏ အဆောက်အအုံဆောက်လုပ်ရေး လုပ်ကိုင်ခွင့် တင်ဒါရရှိထားသည် ကုမ္ပဏီမှ လာဘ်ယူခဲ့သည်ဟုဆိုပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်မှ မန္တလေးတိုင်းတရားလွှတ်တော်တွင် တရားစွဲဆိုထားပြီး ယနေ့ ဇန်နဝါရီလ ၂၁ ရက်နေ့တွင် နှစ်ဖက်ရှေ့နေများမှ အပြီးသတ်လျှောက်လဲချက် တင်ပြခဲ့ကြပါသည်။ ဒေါက်တာသန်းထွဋ်အား အပြီးအသတ်အမိန့်ချမှတ်ရန်အတွက် လာမည့်ရုံးချိန်းကို ဖေဖော်ဝါရီလ ၄ ရက်နေ့ကို ချိန်းဆိုထားပြီး ၎င်းအားစွဲဆိုထားသည့် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ သည် ပြစ်မှုထင်ရှားပါက အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ ချက်မှတ်နိုင်သည့် ပုဒ်မဖြစ်ပါသည်။

သတင်းနှင့်ရိုက်ကူး – ရန်မိုးနိုင်/Myanmar Now

[youtube https://youtu.be/NMi2C0Wzaq4]

Show More

Related Articles

Back to top button