ရုပ်သံသတင်း

MUP အမတ်ကို NLD အမတ်၏ ရွေးကောက်ပွဲကန့်ကွက်လွှာအမှု ၂ လပိုင်းတွင် စစ်ဆေးမည်

လက်ရှိ မွန်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒေါက်တာအောင်နိုင်ဦးကို မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာဝန်ကြီး ဦးမင်းကျော်လွင်က တင်သွင်းထားသည့် ရွေးကောက်ပွဲကန့်ကွက်လွှာအမှုကို ဖေဖော်ဝါရီ ပထမပတ်တွင် စတင်ကြားနာစစ်ဆေးသွားမည်ဖြစ်သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် မွန်ညီညွတ်ရေးပါတီမှ ဒေါက်တာအောင်နိုင်ဦးနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ စည်ပင်ဝန်ကြီး ဦးမင်းကျော်လွင်တို့သည် ချောင်းဆုံမြို့နယ်မဲဆန္ဒနယ် အမှတ် ၁ တွင် ထိပ်တိုက်တွေ့ဆုံပြီး အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြကာ ခိုင်လုံမဲ ၃ သောင်းခွဲကျော်အနက် ဒေါက်တာအောင်နိုင်ဦးက ခိုင်လုံမဲ ၁၅၃၇၀ ရရှိခဲ့ပြီး ဦးမင်းကျော်လွင်က ခိုင်လုံမဲ ၁၃၉၈၉ မဲ ရရှိခဲ့ကာ မဲအရေအတွက် ကွာဟချက် ၁၃၀၀ ‌ကျော်ဖြင့် ဒေါက်တာအောင်နိုင်ဦးက အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – ဇေယျာမော်၊ ဟေမာန်ပြည့်/Myanmar Now

[youtube https://youtu.be/FppPWCA2MRw]

Show More

Related Articles

Back to top button