အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

အင်းစိန်ထောင်ရှေ့ဆန္ဒပြသူ အမျိုးသားရေးသမားများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် တရားစွဲခံထားရသည့် ဦးဝီရသူကို ရုံးထုတ်စစ်ဆေးပေးရန့် ဆန္ဒပြခဲ့ကြသည့် အမျိုးသားရေးသမားဆိုသူများကို ရဲတပ်ဖွဲ့မှ ဝင်ရောက်ဖမ်းဆီးခဲ့ရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူတစ်ဦးကို ရဲတပ်ဖွဲ့မှ ဖမ်းဆီးသွားပါသည်။ ဇန်နဝါရီလ ၁၆ ရက်နေ့ မနက်ပိုင်းက အင်းစိန်အကျဉ်းထောင်ရှေ့တွင် ရဟန်းနှင့်လူ ၅၀ ခန့်မှ ဦးဝီရသူနှင့် အခြားနစ်နာနေရသည့် အကျဉ်းသားများကို ရုံးထုတ်စစ်ဆေးပေးရန် ဆန္ဒပြခဲ့ခြင်းဖြစ်ပြီး အခုလိုဆန္ဒပြရန် ခွင့်ပြုချက်တင်ခဲ့သော်လည်း ရဲတပ်ဖွဲ့က ခွင့်မပြုထားဘဲ ဆန္ဒမပြဖို့ လာရောက်တားမြစ်ရာ မလိုက်နာသည့်အတွက် ဝင်ရောက်တားဆီးရာတွင် ရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now

[youtube https://youtu.be/5MYGjClpeGA]

Related Articles

Back to top button