
ကိုဗစ်ကာလတွင် ရန်ကုန်တိုင်းအတွင်း စက်ရုံအလုပ်သမား ၆၅,၀၀၀ ကျော် အလုပ်အကိုင်ဆုံးရှုံးသွားသည်ဟု ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါ်မိုးမိုးစုကြည်မှ Myanmar Now ကို ပြောပါသည်။ ကိုဗစ်စ်နိုင်တင်းရောဂါရဲ့ ရိုက်ခတ်မှုတွေကြောင့် လုပ်ငန်းဆက် မလည်ပတ်နိုင်တော့ဘဲ အပြီးပိတ်သိမ်းလိုက်ရသည့် စက်ရုံ ၇၀ မှ အလုပ်သမား ၂၄၈၀၀ ဦး၊ ယာယီပိတ်သိမ်းသည့် စက်ရုံ ၂၉ ရုံမှ အလုပ်သမား ၉၀၀၀ ကျော်နှင့် စက်ရုံ ၁၇၀ မှ အလုပ်သမားအင်အားလျှော့ချသည့်အတွက် အလုပ်သမား ၃၁၈၀၀ ကျော် အလုပ်အကိုင်ဆုံးရှုံးခဲ့ကြောင်း သိရှိရပါသည်။
သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်၊ နိုင်လင်းအောင်/Myanmar Now
[youtube https://youtu.be/N4onmarU_E8]