ရုပ်သံသတင်း

ရွေး/ကော်ကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်သူကို ခရိုင်ကော်မရှင်မှ အမှုဖွင့်

တပ်မတော်ကိုထောက်ခံကြောင်းနှင့် ရွေးကောက်ပွဲကော်မရှင်ကိုကန့်ကွက်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့သည့် မိုက်ကယ်ကျော်မြင့်၏ အခြေခံလူတန်းစားဘဝမြင့်မားရေးပါတီမှ ဗဟိုကော်မတီဝင် ဒေါ်မိုးမိုးခိုင်ကို ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ငြိမ်းစုစီဥပဒေပုဒ်မ ၂၀ ဖြင့် ကျောက်တံတားမြို့နယ်ရဲစခန်းတွင် တရားစွဲဆိုလိုက်သည်။ ရန်ကုန်အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ဆန္ဒပြပွဲတွင် ဟောပြောကြွေးကြော်မှုအထဲ မဲလိမ်မဲခိုးသည့် ရွေးကောက်ပွဲကော်မရှင်ဟု ထည့်သွင်းပြောဆိုမှုများကြောင့် တရားစွဲခဲ့ကြောင်း ပြောဆိုခဲ့သလို တရားစွဲခံရသည့် ဒေါ်မိုးမိုးခိုင်က ပြီးခဲ့သည့်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး တပ်မတော်ထုတ်ပြန်ချက်များကို စောင့်ကြည့်နေကာ လိုအပ်ရင် မဲခိုးမှုများကို ဖြေရှင်းပေးရန် ဆက်လက်တောင်းဆိုသွားမည်ဟု ပြောဆိုပါသည်။

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now

[youtube https://youtu.be/XhQ940PEE58]

Show More

Related Articles

Back to top button