ရုပ်သံသတင်း

မန္တလေး ဈေးချိုတော် ပြန်ဖွင့်ခွင့်ရဖို့ တိုင်းအစိုးရထံ စာတင်ထား

လအတန်ကြာပိတ်ထားခဲ့ရသည့် မန္တလေးဈေးချိုတော်ကို ကိုဗစ်နိုင်တင်း ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ပြီး လည်ပတ်လုပ်ကိုင်ခွင့်ရရန် မန္တလေးတိုင်းဒေသကြီးအစိုးရထံ ဈေးအကျိုးဆောင်အဖွဲ့မှ စာတင်ထားကြောင်း သိရပါသည်။ ဈေးချိုတော်၊ အဆင့်မြင့်ဈေးချို၊ မန်းမြန်မာပလာဇာ၊ ဈေးချိုပလာဇာ စသည် မန္တလေးမှဈေးကြီးများအားလုံးကို ပိတ်ထားပြီး ဈေးရုံတစ်ခုစီတွင် ဆိုင်ခန်းပေါင်း သုံးထောင်ကျော်နှင့် ဈေးသူဈေးသားပေါင်း ရှစ်ထောင်ကျော်အထိ ရှိသည်။

သတင်းနှင့်ရိုက်ကူးက – ရန်မိုးနိုင်/Myanmar Now

[youtube https://youtu.be/xBRqm1BdMrw]

Related Articles

Back to top button