
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA မှ တစ်လကျော်ကြာ ဖမ်းဆီးထားသည့် မိုးကုတ်မြို့ စံပြမုန့်တိုက် (SP-Bakery)ပိုင်ရှင် ဦးကျော်ဝင်းကို အမြန်ဆုံးပြန်လွှတ်ပေးရန် မိသားစုက တောင်းဆိုလိုက်သည်။ စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ပြီးခဲ့သည့် ဒီဇင်ဘာ ၄ ရက်နေ့ မနက်ပိုင်းက မိုးကုတ်မြို့ အောင်ချမ်းသာဈေးအနီးတွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး ၎င်းမတိုင်မီ မိုးကုတ်မြို့ခံအချို့ကို TNLA အဖွဲ့မှ ပြန်ပေးဆွဲကာ ငွေဖြင့် ပြန်လည်ရွေးယူခိုင်းခဲ့သည့် ဖြစ်စဉ်များ ရှိခဲ့ပါသည်။
သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now
[youtube https://youtu.be/_pk6lOXWybU]