ရုပ်သံသတင်း

ပြီးခဲ့သည့် ၅ နှစ်အတွင်း ဝန်ကြီးချုပ်များအပါအဝင် ဒီချုပ်အမတ် ၅၀၀ နီးပါးတိုင်ကြားခံရ

၂၀၁၅ ခုနှစ်မှ ၂၀၂၀ ခုနှစ်အထိ NLD အစိုးရငါးနှစ်တာကာလအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များအပါအဝင် လွှတ်တော်ကိုယ်စားလှယ်များကို တိုင်ကြားမှု ၅၀၀ နီးပါးရှိခဲ့သည်ဟု NLD ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါသည်။ တိုင်ကြားသူများမှာ ပြည်သူများထက် NLD ပါတီဝင်များက ပိုမိုများပြားသည်ဟုဆိုသလို တိုင်ကြားမှု ၅၀၀ နီးပါးထဲမှ လွှတ်တော်ကိုယ်စားလှယ် ၄၅ ဦးကျော်ကို အရေးယူဆောင်ရွက်ခဲ့ပြီး နောက်လာမည့် အစိုးရသက်တမ်းအတွင်း အလားတူအားနည်းချက်များထပ်မံမဖြစ်ပေါ်စေရန် သေချာစိစစ်ဆောင်ရွက်နေကြောင်း ဆက်ပြောပါသည်။

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now

[youtube https://youtu.be/3IXTvDnwGqM]

Show More

Related Articles

Back to top button