
၂၁၂၀ ခုနှစ် ဇူလိုင်လကုန်တွင် မန္တလေးလူငယ်သင်တန်းကျောင်းမှ ထွက်ပြေးသဖြင့် ဝိုင်းဝန်းထိုးကြိတ်ခံရပြီး လူငယ်နှစ်ဦး သေဆုံးသွားခဲ့ရသည့် ဖြစ်စဉ်တွင် မသေဘဲ ကျန်ခဲ့သည့် ကလေး ငါးယောက်ထဲမှ နှစ်ယောက်ကို မူလထားထားရှိသည့် အောင်မြေသာစံမြို့နယ်ရှိ လူငယ်သင်တန်းကျောင်းမှ ပုသိမ်ကြီးမြို့နယ်တွင် အသစ်ဖွင့်လှစ်လိုက်သည့် လူငယ်သင်တန်းကျောင်းခွဲကို ပြောင်းရွှေ့လိုက်သည်ဟု သိရပါသည်။ လူငယ်နှစ်ယောက်သေဆုံးမှုနှင့်ပတ်သက်ပြီး ကျောင်းအုပ် ဦးနေအောင်ကျော်ကို ဌာနတွင်း စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ပြောင်းရွှေ့တာဝန်ချထားခဲ့ကာ၊ သင်တန်ကျောင်းဝန်ထမ်းငါးဦးနှင့် သင်တန်းသား ခြောက်ဦးကို လူသတ်မှု၊ အပြင်းအထန်နာကျင်စေမှုတို့ဖြင့် အောင်မြေသာစံမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားဆဲဖြစ်သည်။
သတင်းနှင့်ရိုက်ကူး – ရန်မိုးနိုင်/Myanmar Now
[youtube https://youtu.be/IIX9Deqbsrc]