ရုပ်သံသတင်း

ရန်ကုန်တိုင်းအစိုးရ ဆက်လက်ဖြေရှင်းရအုံးမည့် ကျူးကျော်အိမ်ရာစီမံကိန်း

ရန်ကုန်မြို့တွင် ကျူးကျော်နေထိုင်သူ သိန်းချီနေထိုင်လျက်ရှိပြီး ၂၀၁၅ NLD အစိုးရတက်လာပြီးနောက် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ကျူးကျော်နေထိုင်သူများအတွက် စမတ်ကတ်များထုတ်ပေးပြီး အခပေးကျူးကျော်အိမ်ရာဖော်ဆောင်ပေးမည်ဟု ပြောဆိုခဲ့ပါသည်။ ရန်ကုန်တိုင်းအစိုးရအနေဖြင့် ကျူးကျော်နေထိုင်သူများအတွက် အိမ်အလုံး ၆ သောင်းဆောက်လုပ်ရန် ရည်ရွယ်ထားပြီး လက်ရှိတွင် ရှေ့ပြေးစီမံကိန်းအနေဖြင့် အိမ်အလုံး(၆)ထောင် ဆောက်လုပ်သွားရန် စီစဉ်ထားပေးမယ့် ကိုဗစ်ကာလဖြစ်သောကြောင့် အလုံးရေ(၁၀၀၀)သာဆောက်လုပ်ပြီး ရပ်ထားရသဖြင့် နောက်တက်လာမယ့် ရန်ကုန်တိုင်းအစိုးရအနေနဲ့ ဆက်လက် ဖြေရှင်းရမည်ဖြစ်သည်။

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now

[youtube https://www.youtube.com/watch?v=lLc5McRLBHY]

Show More

Related Articles

Back to top button