အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ကိုဗစ်နိုင်တင်းဂယက်ကြားမှ မြန်မာ့စီးပွားရေး အခြေအနေ

မြန်မာနိုင်ငံတွင် ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်း ရိုက်ခတ်မှု တစ်နှစ်နီးပါးကြာမြင့်လာသည့်အချိန်တွင် ကပ်ရောဂါသက်ရောက်မှုကြောင့် ခရီးသွားလုပ်ငန်း၊ လက်ခစားအထည်ချုပ်လုပ်ငန်းများ ကြီးကြီးမားမား ထိခိုက်ခဲ့ပြီး အခြားအသေးစား၊ အလတ်စားစီးပွားရေးလုပ်ငန်းများလည်း ထိခိုက်မှုရှိသဖြင့် မြန်မာ့စီးပွားရေးအခြေအနေသည် အထူးကြပ်မတ်ဆောင် ICU ထဲ ရောက်နေပြီဖြစ်ကြောင်း နိုင်ငံသားစီးပွားရေးလုပ်ငန်းရှင်အချို့က သုံးသပ်ကြသည်။ ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေးစောင့်ကြည့်အစီရင်ခံစာအရ မြန်မာ့စီးပွားရေးသည် ကိုဗစ်နိုင်တင်းကြောင့် ထိခိုက်မှုရှိသော်လည်း အခြားနိုင်ငံများနှင့်ယှဉ်ရင် အခြေအနေထိန်းထားနိုင်သေးပြီး ၂၀၁၉−၂၀၂၀ ဘဏ္ဍာနှစ်အတွက် ၁ ဒသမ ၇ ရာခိုင်နှုန်း တိုးတက်မည်ဟု ခန့်မှန်းထားပါသည်။

သတင်းနှင့်ရိုက်ကူး – နိုင်လင်းအောင်၊ ဖြိုးထက်အောင်/Myanmar Now

[youtube https://youtu.be/EZucVHl6hc4]

Related Articles

Back to top button