ရုပ်သံသတင်း

ဒလမြို့ရဲ့ ရေပြဿနာ

ဒလမြို့တွင် နေထိုင်သူများသည် ရေးရှားပါးပြတ်လပ်မှုကြောင့် သောက်သုံးရေအခက်အခဲကို နှစ်စဉ်ကြုံတွေ့နေရသည်။ စည်ပင်ရေပေးဝေမှု၊ ရေသန့်စက်များတည်ဆောက်ပေးမှုများမှ ရေပြဿနာ တစ်စိတ်တစ်ပိုင်းကို ဖြေရှင်းနိုင်သော်လည်း ဒလမြို့၏ ရေလိုအပ်ချက်ရှိနေသည့် အိမ်ထောင်စုပေါင်း တစ်သောင်းလေးထောင်ကျော်ရှိသည့်ထဲမှ ၁၇% ခန့်သာ အစိုးရမှ ရေပေးဝေနိုင်ပြီး အများစုကို ကန်ရေများမှ ရယူသုံးနေကြရသည်။ ထို့ကြောင့် ရေအခက်အခဲကို နှစ်ပေါင်းများစွာ ကြုံတွေ့နေရသည့် ဒလမြို့အတွက် ရေလုံလောက်စွာရရှိမှုအပြင် သန့်ရှင်းသည့်ရေ ရရှိနိုင်ရန်အတွက် ဦးစားပေးလုပ်ဆောင်ရန် လိုအပ်နေပြီး လူအများစု မှီခိုနေအားထားနေရသည့် ကန်ရေများ၏ ရေအရည်အသွေးထိန်းသိမ်းမှုကိုလည်း အာရုံစိုက်ပြီး ပိုမိုလုပ်ဆောင်ရန် လိုအပ်နေသည်။

သတင်းနှင့်ရိုက်ကူး – ရတု/Myanmar Now

[youtube https://youtu.be/umB1Bah7Fqs]

Show More

Related Articles

Back to top button