ရုပ်သံသတင်း

ဦးကျော်မြင့်ကို ပုဒ်မနှစ်ခုဖြင့် ထပ်မံအမှုဖွင့်ထား

ဦးကျော်မြင့်ကို ၁၉၉၀ ပြည့်နှစ် မြန်မာနိုင်ငံတော် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေ ပုဒ်မ ၈၂၊ ၂၀၁၆ ခုနှစ် ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ ၁၇၁ တို့ဖြင့် အမှုဖွင့် စစ်ဆေးနေသည်ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီးကျော်သီဟမှ မြန်မာနောင်းကို အတည်ပြုပြောဆိုခဲ့ပါသည်။ ဦးကျော်မြင့်နေထိုင်ခဲ့သည့် လှိုင်သာယာမြို့နယ်တွင်လည်း လူဝင်မှုကြီးကြပ်ရေးဥပဒေဖြင့် ထပ်မံအမှုဖွင့် တရားစွဲဆိုနိုင်ရန် ပြင်ဆင်နေပြီး ဥပဒေရုံးတွင် အကြံပြုချက်တောင်းခံထားကာ ဥပဒေအကြံပြုချက်ရရှိလာပါက တရားစွဲဆိုသွားမည်ဟု လှိုင်သာယာမြို့နယ်ရဲတပ်ဖွဲ့ မှ သိရပါသည်။

သတင်းနှင့်ရိုက်ကူး – ဇေယျာမော်၊ ဟေမာန်ပြည့်/Myanmar Now

[youtube https://youtu.be/SsN3m-yL-QM]

Show More

Related Articles

Back to top button