အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ခေါင်း မီးရှို့ဆန္ဒပြသည့် ရတနာပုံတက္ကသိုလ် ကျောင်းသားများကို ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်

မန္တလေး – မန္တလေးမြို့ ရတနာပုံတက္ကသိုလ်တွင် လုံခြုံမှုကင်းမဲ့နေသည့််အတွက်ဟုဆိုကာ လုံခြုံရေးတိုးမြှင့်ချထားပေးရန် တောင်းဆိုသည့်အနေဖြင့် ခေါင်းအတုကို မီးရှို့ပြီး ဆန္ဒပြသည့် တက္ကသိုလ်ကျောင်းသား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးပြီး ပုဒ်မ ၅ ခုဖြင့် အမှုဖွင့်ထားကြောင်း သိရှိရသည်။

စာသင်ခန်းများထဲတွင် ဖုန်းပျောက်ခြင်း၊ တက္ကသိုလ်ဝင်းထဲ ရပ်နားထားသည့် ဆိုင်ကယ်များ အခိုးခံရခြင်း အစရှိသည့် ရာဇဝတ်မှုများ ဖြစ်ပျက်နေသည့်အတွက် လုံခြုံရေးအင်အား တိုးမြှင့်ချထားပေးရန် တက္ကသိုလ်ကျောင်းသားများဖြစ်သည့် ကိုရဲမျိုးဆွေ၊ ကိုကျော်သီဟရဲကျော်နှင့် ကိုရဲမင်းထွန်းတို့ သုံးဦးက မန္တလေးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင် နှင့် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကျော်ဆွေတို့၏ ဓာတ်ပုံများကို ကပ်ထားသည့် စက္ကူချပ် အသုဘခေါင်း အတုကို တက္ကသိုလ်ရှေ့တွင် မီးရှို့ကာ ဆန္ဒပြခဲ့ခြင်းဖြစ်သည်။

မွန်းလွဲ ၁ နာရီတွင် ခေါင်းကို စတင်မီးရှို့ပြီး မိနစ်ပိုင်းအတွင်း ရဲတပ်ဖွဲ့ဝင် ၃၀ နီးပါးက ဆန္ဒပြသူကျောင်းသားများအား ဖမ်းဆီးခဲ့သည်။ ၎င်းတို့ ၃ ဦးအား မန္တလေးမြို့ချမ်းမြသာစည်မြို့နယ် အမှတ် (၁၀) ရဲစခန်းတွင် လတ်တလောချုပ်နှောင်ထားကာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) အပါအဝင် ပုဒ်မ ငါးခုဖြင့် ရဲတပ်ဖွဲ့က အမှုဖွင့်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button