
မဲရုံတာဝန်ကျ ဆရာ၊ဆရာမများကို ကြားနေအဖြစ်မဆောင်ရွက်ဘဲ NLD ပါတီ ထောက်ခံသူများဟု ပြည်ခိုင်ဖြိုးပါတီမှ ပြောဆိုမှုနှင့်ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်က အခြေခံပညာ ပညာရေးလုပ်သားများသမဂ္ဂကို ဒီဇင်ဘာ ၂ ရက် နေ့လယ်တွင် ခေါ်ယူတွေ့ဆုံဆွေးနွေးခဲ့သည်။ ရွေးကောက်ပွဲတာဝန်ကျ ဆရာ၊ဆရာမ အများစုသည် NLD ပါတီထောက်ခံသူများဖြစ်ပြီး ကြားနေ ဆရာ၊ဆရာမများမဖြစ်သည်ကို တွေ့ရှိရသည်ဟု ရွေးကောက်ပွဲအပြီး နိုဝင်ဘာ ၁၁ ရက်နေ့က သတင်းစာရှင်းလင်းပွဲတွင် ပြည်ခိုင်ဖြိုးပါတီက ပြောဆိုခဲ့ပြီး ဆရာ၊ဆရာမများ၏ကန့်ကွက်မှုကြောင့် နောက်တစ်နေ့တွင် စာစီစာရိုက်အမှားကြောင့်သာ ဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီမှ တောင်းပန်စာတစ်စောင် ထုတ်ပြန်ခဲ့သည်။
သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now
[youtube https://www.youtube.com/watch?v=ow1BxvPYXKU&feature=youtu.be]