ရုပ်သံသတင်း

ရပ်ကွက်နေပြည်သူများ ဘယ်လိုအုပ်ချုပ်ရေးမှူးမျိုးကို လိုချင်သလဲ

ရပ်ကွက်နေပြည်သူများ အထူးသဖြင့် အခြေခံလူတန်းစားများအတွက် နိုင်ငံတော်သမ္မတထက် ၎င်းတို့နေထိုင်ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးကောင်းရန် ပိုမိုလိုလားကြသည်။ အပေါ်ကချမှတ်ပေးလိုက်သည့် အစီအစဉ်များကို အုပ်ချုပ်ရေးမှူးများက လက်တွေ့အကောင်အထည်ဖော်ရသောကြောင့် အုပ်ချုပ်ရေးမှူးအကောင်းအဆိုးသည် ရပ်ကွက်နေ ပြည်သူများအပေါ်တွင် တိုက်ရိုက်ပတ်သက်နေပါသည်။ လက်ရှိ ရပ်ကျေးအုပ်ချုပ်ရေးမှူးသည် ပြည်သူ့လွှတ်တော်သက်တမ်း နိုင်ငံတော်သမ္မတသက်တမ်းနှင့်အညီ ဖြစ်သောကြောင့် မကြာမီအုပ်ချုပ်ရေးမှူးအသစ်များကို ပြန်လည်ရွေးချယ်ရတော့မည်ဖြစ်ပြီး ပြည်သူများက ရပ်ကွက်နေပြည်သူ့အကျိုးကို ဦးစားပေးလုပ်ဆောင်ပေးမည့် အုပ်ချုပ်ရေးမှူးမျိုးကို စိစစ်ရွေးချယ်သွားမည်ဟု ဆိုသည်။

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now

[youtube https://youtu.be/dbqNalSXf04]

Related Articles

Back to top button