
နိုဝင်ဘာ ၂၆ ရက်နေ့က ရန်ကုန်မြို့ရှိ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ရုံးချုပ်၌ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပါတီ၏ဒုတိယက္ကဋ္ဌ ဦးခင်ရီက ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် တိုင်ကြားစာများကို ရွေးကောက်ပွဲကော်မရှင်နှင့် နိုင်ငံတော်သမ္မတတို့ထံ ပေးပို့တိုင်ကြားထားသော်လည်း အကြောင်းမထူးသည့်အတွက် ဘယ်သူ့ကို အားကိုးရမှန်းမသိတော့ဘူးဟု ညည်းတွားပြောဆိုလိုက်သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၁၀၀၀ ကျော်ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ပြည်ထောင်စုလွှတ်တော်တွင် ၃၃ နေရာသာ အနိုင်ရခဲ့ခြင်းဖြစ်သည်။
သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now
[youtube https://youtu.be/YqGeFvd_jc8]