ရုပ်သံသတင်း

ကိုဗစ်ထောက်ပံ့ကြေးကိစ္စ မမှန်မကန်ရှိနေဆဲဟု သုံးခွဒေသခံများဆို

ရန်ကုန်တိုင်းဒေသကြီး သုံးခွမြို့နယ်ရှိ ရပ်ကွက်အချို့တွင် အစိုးရကထောက်ပံ့သည့် ကိုဗစ်ထောက်ပံ့ကြေး ၄ သောင်းနှင့် ပတ်သက်ပြီး တစ်ဦးတည်းက နာမည်(၂) ကြိမ်ပါဝင်နေခြင်း၊ တစ်အိမ်ထောင်စုတည်းက နာမည်(၂)ဦးပါဝင်နေခြင်း၊ ရပ်ကွက်ထဲတွင် မနေတော့သည့်သူများနှင့် သေဆုံးပြီးသူများ၏ နာမည်များ စာရင်းထဲပါဝင်နေခြင်း စသည့် မမှန်မကန်ဆောင်ရွက်ထားရှိမှုများရှိနေသဖြင့် ရပ်ကွက်နေပြည်သူများက မကျေမနပ် ဖြစ်နေကြပါသည်။ ကိုဗစ်ထောက်ပံ့ကြေးကိစ္စနှင့်ပတ်သက်ပြီး နေရာအနှံ့အပြားတွင် အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများအကြား အချေအတင်ဖြစ်နေကြသော်လည်း ခြွင်းချက်အချို့ကလွဲရင် ဘယ်အုပ်ချုပ်ရေးမှူးမှ အလွဲသုံးစားမလုပ်ကြောင်း သုံးခွမြို့(၁၀)ရပ်ကွက် အုပ်ချုပ်ရေးမှူးကဆိုသည်။

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now

[youtube https://youtu.be/zasEF4vCelc]

Show More

Related Articles

Back to top button