ရုပ်သံသတင်း

NLD အစိုးရသစ်အပေါ် မိတ္ထီလာမြို့ခံဘာသာခြားများ၏ မျှော်လင့်ချက်

တပ်မတော် တပ်ရင်း၊တပ်ဖွဲ့များစွာရှိပြီး အမျိုးသားရေးလှုပ်ရှားသူများ ခြေကုပ်ယူထားသည့် မိတ္ထီလာမြို့တွင်၂၀၁၃ ခုနှစ်က ဘာသာမတူသည့် လူ့အဖွဲ့အစည်းနှစ်ခုကြား ဖြစ်ပွားခဲ့သည့် အဓိကရုဏ်းကြောင့် လူပေါင်းများစွာ သေဆုံးခဲ့ရသည်။ မိတ္ထီလာမြို့သည် ၂၀၁၅ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးအနိုင်ရရှိခဲ့ပြီး ၂၀၂၀ ရွေးကောက်ပွဲမတိုင်ခင်အထိ ပြည်ခိုင်ဖြိုးပါတီ၏ အောင်မြေဖြစ်ခဲ့သည်။ ၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီမှ မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရရှိခဲ့ပြီး ၂၀၁၃ ခုနှစ်က ဖြစ်ပွားခဲ့သည့် လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွင် ဒုက္ခရောက်ခဲ့ကြရသည့် မိတ္ထီလာမြို့ခံ အစ္စလာမ်ဘာသာဝင်များလည်း NLD ပါတီကို ထောက်ခံခဲ့ကြသလို လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်းများ ထပ်မံမပေါ်ပေါက်ဖို့ မျှော်လင့်နေကြသည်။

သတင်းနှင့်ရိုက်ကူး – ရန်မိုးနိုင်/Myanmar Now

[youtube https://youtu.be/iZrwhF13U0I]

Related Articles

Back to top button