
NLD ပါတီကို ထောက်ခံသည့် အနှေးယာဉ်လုပ်သားများ ဆိုက်ကားစီးရေ ၁၀၀ ခန့်ဖြင့် NLD ပါတီအလံများတပ်ဆင်၍ ဗိုလ်တထောင်၊ ပုဇွန်တောင်၊ ဒေါပုံ၊ သာကေတမြို့နယ်များကို လှည့်လည်အောင်ပွဲခံခဲ့ကြသည်။ ပြီးခဲ့သည့် ၂၀၁၅ ရွေးကောက်ပွဲတွင်လည်း အနှေးယာဉ်လုပ်သားများမှ NLD ပါတီအပေါ်ဝန်းရံခဲ့ကြပြီး ရွေးကောက်ပွဲပြီးနောက် NLD ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် အနှေးယာဉ်လုပ်သားများနှင့် သီးသန့်တွေ့ဆုံခဲ့ပြီး ကျေးဇူးတင်စကားပြောကြားခဲ့သည်။
သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now
[youtube https://youtu.be/tJo0kxo1KG4]