စစ်တပ် ပစ်သည့် လက်နက်ကြီးကြောင့် စစ်တွေရှိ ရိုဟင်ဂျာ ၈ ဦး သေဆုံး

ရခိုင်ပြည်နယ် မြို့တော်စစ်တွေတွင် ယမန်နေ့ (မတ် ၉) ည ၉ နာရီခန့်တွင် လက်နက်ကြီးဖြင့် ပစ်ခတ်ခံရသဖြင့် လူနေရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲကာ ရိုဟင်ဂျာ ၈ ဦး သေဆုံးပြီး ၉ ဦးခန့် ဒဏ်ရာရရှိသွားသည်ဟု မြို့ခံများထံမှ သိရသည်။ စစ်တွေမြို့၊ စက်ရုံစုရပ်ကွက်ရှိ အမှတ် (၁၂) ရဲတပ်ရင်းက လက်နက်ကြီး နှစ်ကြိမ်ထက်မနည်း ပစ်ခတ်သည့်အနက် လက်နက်ကြီးကျည်တစ်လုံးမှာ မြို့လယ်အနီး အောင်မင်္ဂလာရပ်ကွက်နှင့် ကသဲရပ်ကွက်အစပ်သို့ ကျရောက်ပေါက်ကွဲခဲ့၍ လူအများထိခိုက်ခဲ့ခြင်းဖြစ်သည်ဟု မြို့ခံအမျိုးသားတစ်ဦးက ပြောသည်။ “ဒဏ်ရာရသူ ၉ ယောက်၊ သေသူ ၈ ယောက်။ အကုန်လုံး မွတ်စလင်တွေပဲ။ ကျား၊ မ ဘယ်နှဦးပါလဲ မသိရသေးဘူး။ ကလေးငယ်တွေလည်း ပါတယ်” ဟု လူမှုကူညီရေးအဖွဲ့တစ်ခု၏ ပြောပြချက်ကို ကိုးကား၍ ၎င်းက … Continue reading စစ်တပ် ပစ်သည့် လက်နက်ကြီးကြောင့် စစ်တွေရှိ ရိုဟင်ဂျာ ၈ ဦး သေဆုံး