ရုပ်သံသတင်း

နေပြည်တော်တွင် NLD ၉၀ရာခိုင်နှုန်း အနိုင်ရ

နေပြည်တော်တွင် ပြီးခဲ့သောရွေးကောက်ပွဲတွင် ရရှိထားသည့် အနိုင်ရလဒ်ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ဆက်ထိန်းထားလိုက်နိုင်သည်။ ယမန်နေ့ကကျင်းပသည့် ရွေးကောက်ပွဲအပြီးမဲရလဒ်များအရ ယခင်ကအတိုင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးစိုက်သည့် ဇေယျာသီရိပြည်သူ့လွှတ်တော်နေရာ တစ်ခုတည်း၌သာ ရှုံးခဲ့ပြီး ကျန်သည့် မဲဆန္ဒနယ်၉ခုစလုံးတွင် NLDက အနိုင်ရခဲ့ခြင်းဖြစ်သည်။ လက်ရှိရလဒ်အရ ဇေယျာသီရိမြို့နယ်တွင် အရေးနိမ့်ရခြင်းမှာ လုံခြုံရေးအကြောင်းပြချက်ဖြင့် တိုက်ဆိုင်စစ်ဆေးနိုင်ခြင်းမရှိသည့် တပ်မတော်ကြိုတင်မဲများကြောင့်ဖြစ်သည်ဟု NLD တာဝန်ရှိသူက သုံးသပ်သည်။

(သတင်းနှင့်ရိုက်ကူး- မင်းမင်း/Myanmar Now)

[youtube https://youtu.be/uJA1B1lQFMQ]

Show More

Related Articles

Back to top button