အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံသတင်း

ပြည်ခိုင်ဖြိုး ဒုဥက္ကဋ္ဌ ပြိုင်သည့် ဆိပ်ကြီးခနောင်တိုတွင် NLD နေရာအားလုံးအနိုင်ရ

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးခင်ရီနှင့် ရန်ကုန်တိုင်းနယ်လုံဝန်ကြီးဟောင်းဖြစ်သူ ဦးတင်ဝင်းတို့ ဝင်ရောက်ယှဉ်ပြိုင်သည့် ဆိပ်ကြီးခနောင်တိုမြို့နယ်ရှိ မဲဆန္ဒနယ်အားလုံးတွင် NLD ပါတီမှ အနိုင်ရရှိခဲ့သည်။ ဆိပ်ကြီးခနောင်တို၌ အမျိုးသားရေးတက်ကြွလှုပ်ရှားသူအချို့သည် အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်သူကို မဲပေးမည် စာတန်းပါ အင်္ကျီများဝတ်ဆင်ပြီး မဲမဆွယ်ရသည့်နေ့ silent day တွင် မဲဆွယ်ခဲ့ကြသောကြောင့် ဒေသခံများနှင့် အငြင်းပွားခဲ့ကြသဖြင့် ရွေးကောက်ပွဲနေ့တွင် လုံခြုံရေးပိုမိုတင်းကျပ်ခဲ့ရသည်။

(မှတ်ချက်- ရွေးကောက်ပွဲနောက်ဆုံးရလဒ်များ မထွက်ရှိသေးပါ။ မဲရလဒ်များနှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ အဆုံးအဖြတ်သာ အတည်ဖြစ်သည်။ www.uec.gov.mm)

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်၊ ခင်မို့မို့လွင်/Myanmar Now

[youtube https://youtu.be/ykHeoJHY0cU]

Related Articles

Back to top button