
ဘာသာရေး လူမျိုးရေး ပြဿနာများကြီးထွားခဲ့ပြီး လက်ရှိအာဏာရပါတီနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီတို့၏ ယှဉ်ပြိုင်မှု ပြင်းထန်ဆုံး မဲဆန္ဒနယ်မြေဖြစ်သည့် မိတ္ထီလာမြို့နယ်က ပြည်သူများလည်း ယနေ့နံနက်တွင် ဆန္ဒမဲပေးခဲ့ကြသည်။ တပ်မတော် တပ်ရင်းတပ်ဖွဲ့ ၂၉ ခုအထိရှိသည့် မဲဆန္ဒနယ်ဖြစ်သောကြောင့် တပ်မတော်သားမဲဆန္ဒရှင်များလည်း မဲလာပေးသည်ကို တွေ့ရပြီး မိတ္ထီလာမြို့တွင် တပ်မတော်သား မဲဆန္ဒရှင်များအပါအဝင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း နှစ်သိန်းခွဲကျော်ရှိပြီး မဲရုံ ၂၉၁ ရုံရှိသည်ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ စာရင်းများအရ သိရပါသည်။
သတင်းနှင့်ရိုက်ကူး – ရန်မိုးနိုင်/Myanmar Now
[youtube https://youtu.be/DHi5VFUxMrM]