ရုပ်သံသတင်း

မဲစာရင်းထပ်မှုများရှိသဖြင့် မဲစာရင်းဖောင်းပွမှာကို ကိုယ်စားလှယ်အချို့စိုးရိမ်နေ

မဲစာရင်းအမှားအယွင်းများ လူတစ်ဦးတည်းမှ မဲစာရင်းနှစ်နေရာတွင် ပါနေမှုများရှိသောကြောင့် ကြိုတင်မဲပေးခဲ့ပြီးသောသူသည် ရွေးကောက်ပွဲနေ့တွင် နောက်တစ်ခါမဲပေးမှုများ ရှိလာနိုင်သဖြင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းအချို့က စိုးရိမ်နေကြသည်။ လူတစ်ယောက်တည်းမှ ကြိုတင်ဆန္ဒမဲကို နှစ်နေရာပေးခဲ့သည့် ဖြစ်စဉ် ဧရာဝတီတိုင်းဒေသကြီးတွင် ဖြစ်ပွားခဲ့ပြီး ၎င်းကို ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၅၉ နှင့်အညီ အမှုဖွင့်အရေးယူထားသည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နိုဝင်ဘာလ ၃ ရက်နေ့ ညပိုင်းတွင် ထုတ်ပြန်ကြေညာထားပါသည်။

သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now

[youtube https://youtu.be/_taAu7ree9M]

Show More

Related Articles

Back to top button