
ကိုမျိုးဝင်းစိုးသည် အောက်တိုဘာ ၂၂ ရက်နေ့ ညနေပိုင်းတွင် ကာဘိုးကျေးရွာအတွင်း မဲဆွယ်စည်းရုံးရေး လှည့်လည်ခဲ့ကြသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဝန်းရံသူများ ဝိုင်းဝန်းရိုက်နှက်ကြသဖြင့် ဦးခေါင်းဒဏ်ရာပြင်းထန်စွာရရှိခဲ့ပြီး မန္တလေးဆေးရုံကြီး၌ ဆေးကုသမှုခံယူနေစဉ် အောက်တိုဘာလ ၂၄ ရက်နေ့ မနက်ပိုင်းတွင် သေဆုံးသွားခဲ့သည်။ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများသည် တုတ်၊ ခဲများကို ၎င်းတို့စီးနင်းလာသော ယာဉ်များနှင့်အတူ တစ်ပါတည်းသယ်ဆောင်လာပြီး ကားပေါ်မှ တုတ်များ၊ခဲများ ပစ်ချပေးတာကို မြင်တွေ့ခဲ့ရကြောင်း ဖြစ်စဉ်အနီးရှိနေခဲ့သည့် ကာဘိုးဒေသခံများ၏ ပြောဆိုချက်များအရ သိရသည်။
သတင်းနှင့်ရိုက်ကူး – ရန်မိုးနိုင်/Myanmar Now
[youtube https://youtu.be/7ckCW4gAJqM]