ရုပ်သံသတင်း

AAနှင့်ပတ်သက်ပြီး ငြိမ်းချမ်းရေးတံခါးဖွင့်ထားကြောင်း အစိုးရပြော

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့်ပတ်သက်ပြီး အစိုးရအနေဖြင့် တံခါးဖွင့်ထားသလို လာရောက်ဆွေးနွေးမည့် ကိုယ်စားလှယ်များအတွက် လုံခြုံရေးအပြည့်အဝတာဝန်ယူကြောင်း၊ AA အနေဖြင့် လက်ရှိအခြေအနေတွေကို ဆန်းစစ်ပြီး ရခိုင်ပြည်နယ်နှင့် ပြည်ထောင်စုအတွက် အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ဆုံးဖြတ်ရန်လိုကြောင်း အောက်တိုဘာလ ၂၃ ရက်နေ့ နိုင်ငံတော်သမ္မတရုံးသတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက ပြောကြားလိုက်သည်။ နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုများဖြင့် ရခိုင်ပြည်နယ်အရေး ဖြေရှင်းနိုင်မည်မဟုတ်ဘဲ တွေ့ဆုံဆွေးနွေးပြီး အဖြေရှာမှသာ ရခိုင်ပြည်နယ်ပြဿနာကို ဖြေရှင်းနိုင်မည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူက ဆိုသည်။

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now

[youtube https://youtu.be/fJlhbHmAi3M]

Related Articles

Back to top button