
ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်အစိုးရက ကာကွယ်စောင့်ရှောက်ပေးရန် သံဃာတော် ၁၀ ပါးခန့်က ဦးဆောင်ပြီး ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ရွှေတိဂုံစေတီတော် အရှေ့ဘက်မုခ်၊ ကြေးသွန်းဘုရားရှေ့တွင် ယနေ့ (အောက်တိုဘာ ၂၀) ညနေပိုင်းက ဆန္ဒပြတောင်းဆိုခဲ့ကြသည်။ အဆိုတော်နှင့် သရုပ်ဆောင် ချစ်သုဝေ၏ဖခင် ဦးဇော်ဝင်းရေးဆွဲခဲ့သည့် ပန်းချီကားနှင့် ပတ်သက်၍ အမျိုးသားရေးသမားများက တရားစွဲဆိုမှု ပယ်ချခံရခြင်း၊ ကိုရီးယားနိုင်ငံတွင် သွားရောက်ဖျော်ဖြေခဲ့သည့် Project K အဖွဲ့၏ စတိတ်စင်တွင် ရွှေတိဂုံစေတီတော်ပုံရိပ်ပေါ် ကပြမှုအပေါ် သာသနာရေးဝန်ကြီးဌာနက အရေးယူခြင်းမရှိမှုများအပေါ် ဝေဖန်ပြစ်တင်ခဲ့ကြသည်။
သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now
[youtube https://youtu.be/-Jb84sqhM_M]