
ရှစ်တန်းကျောင်းသားအရွယ် ၈ လေးလုံးအရေးခင်းမှစ၍ NLD အစိုးရလက်ထက်အထိ ကျောင်းသားလှုပ်ရှားမှုများတွင် ပါဝင်ခဲ့သူ ကိုအောင်မှိုင်းဆန်းသည် ဖွဲ့စည်းပုံပြင်ဆင်ရေး၊ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးအပါအဝင် လူထုလှုပ်ရှားမှုများစွာတွင် ပါဝင်ခဲ့သူဖြစ်သည်။ တစ်ချိန်က ကျောင်းသားတက်ကြွလှုပ်ရှားသူဖြစ်ခဲ့သည့် ကိုအောင်မှိုင်းဆန်းသည် လာမည့်ရွေးကောက်ပွဲတွင် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီကို ကိုယ်စားပြုပြီး မန္တလေးတိုင်း ပုသိမ်ကြီးမြို့နယ်မှတဆင့် တိုင်းဒေသကြီးကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်သည်။
သတင်းနှင့်ရိုက်ကူး – ရန်မိုးနိုင်/Myanmar Now
[youtube https://youtu.be/qfKraEEM-cc]