မွန်အမျိုးသားပါတီနှင့် မွန်ဒေသလုံးဆိုင်ရာဒီမိုကရေစီပါတီတို့ ပူးပေါင်းဖွဲ့စည်းထားသည့် မွန်ညီညွတ်ရေးပါတီ (MUP) သည် ရန်ကုန်တိုင်းဒေသကြီးအတွင်း အမျိုးသားလွှတ်တော်တစ်နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၅ နေရာ စုစုပေါင်း ၆ နေရာ ဝင်ရောက်ယှဉ်ပြိုင်သွားမည် ဖြစ်သည်။ မွန်နိုင်ငံရေးပါတီများအကြား သဘောထားကွဲလွဲမှုများကြောင့် ၂၀၁၅ ရွေးကောက်ပွဲတွင် မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ရှုံးနိမ့်မှုများရှိသဖြင့် လာမည့်ရွေးကောက်ပွဲအတွက် မွန်နိုင်ငံရေးအင်အားစုများ စုပေါင်းပြီး မွန်ညီညွတ်ရေးပါတီကို ၂၀၁၉ ခုနှစ်အတွင်း ထူထောင်ခဲ့ကာ ပါတီဝင်အင်အား တစ်သိန်းကျော် အထိရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကိုယ်စားလှယ်လောင်း ၆၅ ဦးအထိ ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်သည်။
သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now
[youtube https://youtu.be/CQPk9RyuRYI]