ရုပ်သံသတင်း

ဦးကျော်မြင့်အမှု သက်သေများရှာဖွေရန် ရဲကအချိန်ထပ်တောင်းထား

ထောင်ပြေးမှုဖြင့် ပြန်လည်ဖမ်းဆီးခံထားရသည့် ညီညွတ်သောဒီမိုကရက်တစ်ပါတီ UDP ဥက္ကဋ္ဌ ဦးကျော်မြင့်အမှုသည့် လွန်ခဲ့သည့် ၂၁ နှစ်လောက်က ဖြစ်ပွားခဲ့သည့်အတွက် ထိုအချိန်က သက်သေများကို ပြန်လည်ရှာဖွေဆင့်ခေါ်ရန် အချိန်ပိုမိုလိုအပ်သဖြင့် ရဲတပ်ဖွဲ့က အချိန်ထပ်တိုးပေးရန် တောင်းဆိုထားသည်ဟု ချမ်းအေးသာစံမြို့နယ်တရားရုံးမှ ဆိုသည်။ လာမည့်ရုံးချိန်းကို အောက်တိုဘာလ ၂၀ ရက်နေ့တွင် ချိန်းဆိုထားပြီး ရရှိလာသည့် သက်သေများကို စတင်စစ်ဆေးသွားမည်ဟု ဆိုသည်။

သတင်းနှင့်ရိုက်ကူး – ရန်မိုးနိုင်/Myanmar Now

[youtube https://youtu.be/rb3LPM5mbok]

Related Articles

Back to top button