
ကုန်ကြမ်းယူ ကုန်ချောပေးဆောင်ရွက်လျက်ရှိသည့် လက်ခစားလုပ်ငန်း (CMP) စက်ရုံ၊ အလုပ်ရုံများမှ လုပ်သားများကို အောက်တိုဘာ ၇ ရက်နေ့အထိ အိမ်မှာနေရန် သတ်မှတ်ထားသော်လည်း ကိုဗစ်နိုင်တင်းရောဂါ ကူးစက်မှု မြင့်မားနေဆဲဖြစ်သဖြင့် ၂ ပတ် ထပ်တိုးပြီး အောက်တိုဘာလ ၂၁ ရက်အထိ အိမ်မှာနေရန် အမိန့်ထုတ်ပြန်လိုက်သောကြောင့် အလုပ်သမားများ အခက်အခဲပိုဖြစ်လာနိုင်ပါသည်။ စက်ရုံများဘက်မှ အလုပ်ရပ်နားထားသည့်အချိန်အတွင်း အလုပ်သမားများအတွက် လုပ်ခလစာပေးမည်ဆိုရင်တောင်မှ လက်ရှိ stay at home ကာလ ကန့်သတ်ချက်များကြောင့် အလုပ်သမားများအနေဖြင့် လုပ်ခလစာလာရောက်ထုတ်ယူရန် ခက်ခဲနိုင်သည်ဟု ဆိုသည်။
သတင်းနှင့်ရိုက်ကူး – ဇေယျာမော်/Myanmar Now
[youtube https://youtu.be/CsQTJQ_wNxs]