ရုပ်သံသတင်း

လူငယ်တွေကိုမဲပေးဖို့နှင့် မဲပေးမမှားဖို့ ဒေါ်အောင်ဆန်းစုကြည်ပြော

ပထမဆုံးမဲပေးမည့်လူငယ်များကို ရွေးကောက်ပွဲတွင် မဲပေးရန်နှင့် မဲပေးမမှားရန် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်မှ တိုက်တွန်းပြောကြားလိုက်သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲကို မူလကြေညာထားသည့် နိုဝင်ဘာ(၈)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ပြီး ရွေးကောက်ပွဲကော်မရှင်မှ ထုတ်ပြန်ထားသည့် စာရင်းအရ မဲပေးခွင့်ရှိသူ (၃၇) သန်းကျော်ရှိနေပြီး ၁၈ နှစ်ပြည့်ပြီး ပထမဆုံးမဲစပေးမည့် လူငယ်ဦးရေမှာ (၅)သန်းခန့် ရှိပါသည်။

သတင်းနှင့်ရိုက်ကူး – ဖြိုးထက်အောင်/Myanmar Now

[youtube https://youtu.be/_0Sqb1h8wZ8]

Show More

Related Articles

Back to top button